ဘီးလင်းရေဘေးအခက်အခဲ ဒေသခံနှင့်သံဃာအချို့ကို မေးမြန်းချက် (ရုပ်သံ)
DVB
·
July 29, 2018
ရေကြီးမှုဒဏ်ကို အဆိုးဆုံး ခံစားနေရတဲ့ မြို့တွေထဲမှာ ပါဝင်တဲ့ မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာတော့ ရေဘေးပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်။
ဘီးလင်းမှာ ရေဘေးသင့်ပြည်သူ ၁ သောင်းနီးပါးအတွက် ကယ်ဆယ်ရေးစခန်း ၄၀ လောက် ဖွင့်လှစ်ထားရပါတယ်။ တချို့ ရေဘေးသင့် ဒုက္ခသည်စခန်းတွေကို သွားရတာ အခက်အခဲရှိတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
ဘီးလင်းမြို့မှာ တမြို့လုံးနီးပါး ရေမြှပ်နေပြီး အဝေးပြေးကားလမ်းကိုလည်း ပိတ်ထားတာကြောင့် ခရီးသွားလာမှုနဲ့ ကုန်စည် ပို့ဆောင်မှုအတွက် အခက်အခဲ ဖြစ်နေပါတယ်။
မနေ့ညက ဘီးလင်မြို့မှာ မနေ့ညက ရေ ၁ ပေနီးပါးလောက် ထပ်တက်ခဲ့ပေမယ့် ဒီမနက်မှာ ပြန်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၇ ရက်နေ့က ကယ်ဆယ်ရေး လုပ်ရင်း ရေထဲမျောပါသွားတဲ့ တပ်မတော်သား ၃ ဦးကိုလည်း အခုထိ ရှာမတွေ့သေးဘူးလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၈ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးစခန်း ၁၆၃ ခုနဲ့ လူပေါင်း ၅သောင်း ၅ ထောင်နီးပါး ရေဘေး ဒုက္ခ ခံစားနေရတယ်လို့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဘီလင်းမြို့မှာ ရေကြီးနေတဲ့ အခြေအနေနဲ့အပေါ် ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုညီငယ်က ဒေသခံတွေနဲ့ မေးမြန်းထားတာကို တက်ဆက်ပေးလိုက်ပါတယ်။
ရုပ်သံ - ညီငယ်