Home
မြန်မာသတင်း
ပါတီဥက္ကဋ္ဌ ဦးအေးလွင်ပြန်လွတ်
အေးနိုင်
·
July 20, 2012
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ဟာ ဒီမနက် ၆ နာရီမှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်ပါတယ်။ [caption id="attachment_12103" align="alignleft" width="300" caption="ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption] ဦးအေးလွင်ဟာ ၂၀၁၁ ခု ဇူလိုင်လအတွင်း နေပြည်တော် သွားရောက်တုန်းက လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမှတ် ၃ အမြန်လမ်းမကြီး လမ်းဆုံ တိုးဂိတ်ဝန်ထမ်းနဲ့ အချေအတင်ဖြစ်ရာမှ တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲခံရတာဖြစ်ပြီး မေ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌတဦးအနေနဲ့ နိုင်ငံရေးဆက်လုပ်ဆောင်မှာဖြစ်သလို သူကိုပါတီက ထုတ်ပယ်ဖို့ ကော်မရှင်က ဖိအားပေးတဲ့ကိစ္စကိုလည်း ဖြေရှင်းမယ်လို့  ဦးအေးလွင်က ပြောပါတယ်။ “အကျဉ်းကျနေတဲ့လူတောင် ပါတီဝင်ဖြစ်လို့ ရနေတာကို။ အခုဟာက ကျနော်က အကျဉ်းကလည်း လွတ်လာပြီ။ ရှိနေလျက်သားနဲ့ကို ကျနော့်ကို သီးသန့်ပေါ့ ၀န်ခံချက်တွေ ထိုးခိုင်းတယ်။ အဲဒါတွေက ပါတီက ထုတ်ပစ်ရမယ်။ ပါတီကို ပြန်ဝင်မယ်ဆိုရင်လည်း ကျနော်က ပါတီကို လျှောက်လွှာတင်ပြီး ခန်ဝံလက်မှတ်ထိုးရမယ်၊ အဲဒီလျှောက်လွှာကို ကော်မရှင်ကိုတင်၊ ကော်မရှင်က ခွင့်ပြုမှ ပါတီက ပါတီဝင်အဖြစ် လက်ခံလို့ရမှာပေါ့။ မည်သည့်ပါတီဝင်မဆို ဒီအတိုင်း လုပ်ရမယ်ဆိုပြီး ပြောတော့ နည်းဥပဒေတွေထဲမှာ အဲဒီဟာ မတွေ့ဘူးဗျ။ ဖြစ်သင့်တာတွေ ဖြစ်အောင် ပြောသင့်တာတွေ ပြောကြရမှာပေါ့။” စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ ရခိုင်နဲ့ ကချင်ပြည်နယ်က အခက်အခဲ ဖြစ်သူတွေကို ကူညီရေးတွေ တတ်နိုင်သလောက် ဆောင်ရွက်မှာ ဖြစ်သလို နိုင်ငံရေးအင်အားစုတွေနဲ့ တူညီတဲ့အလုပ်တွေမှာ ပူးတွဲလုပ်ဆောင်မယ်လို့  ဦးအေးလွင်က ပြောပါတယ်။ “အရင်တုန်းကတော့ ဘက်ပြိုင်နေတာပေါ့။ အခုတော့ အားယူပြီး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ အခြေအနေမျိုး ရောက်လာပြီဆိုတော့ ဒါအင်မတန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမယ့် အချိန်မျိုး ဖြစ်တယ်လို့ မြင်တယ်။ အခု ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာဟာ ကျနော်တို့ ဖြစ်ချင်တဲ့ နိုင်ငံရေးပါပဲ။ ကိုမင်းကိုနိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေ စပြီးတော့ နှစ်ဖက်လည်း လိုလိုလားလား ရှိကြတယ် ဆိုရင်တော့ လုပ်ကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီနဲ့လည်း စိတ်ထားထက်သန်တဲ့ အပိုင်းတွေ၊ တယောက်နဲ့ တယောက် အားပြုလို့ရတဲ့ အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်တာမျိုးပေါ့။” ထောင်ထဲကနေရရှိတဲ့ သတင်းတွေအရ မြန်မာပြည်အပေါ် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတာ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ၀င်ရောက်တာနဲ့ သမ္မတက နိုင်ငံရေးပါတီတွေကို တွေ့ဆုံတာတွေဟာ အလားအလာကောင်းဘက် ရှေးရှုတယ်လို့ သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024