Home
မြန်မာသတင်း
မွန်​ပြည်​နယ်​၊ ဘီးလင်း လတ်တ​လော​ရေကြီးမှု ပုံရိပ်​များ
DVB
·
July 29, 2018
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ၁၃ ခုမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ/ အိမ်ထောင်စု ၁၈၁၅ စု၊ လူဦးရေ ၇၆၅၂ ယောက်ရှိပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရေကြီးပြီး အဝေးပြေးကားလမ်း ၄ မိုင်လောက် ယာဉ်ကြောပိတ်ဆို့နေပြီး ကားလမ်းတွေလည်း ပိတ်ထားရတာပါ။ ရေကြီးပြီး လမ်းတွေပိတ်ထားရလို့ ခရီးသွားဧည့်သည်တချို့ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ ရေကြီးမှုကြောင့် မြွေကိုက်လို့ ဆေးရုံတင်ရသူ ၂ ဦး၊ ကူညီကယ်ဆယ်ချိန် ရေထဲမျောပါ ပျောက်ဆုံးသူ တပ်မတော်သား ၃ ဦးရှိပါတယ်။ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၂၂ ကနေ ၁ဝ၉၈ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။ ဓာတ်​ပုံ-ထက်​လူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024