Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်တွင် လူဦးရေ ၁၁ဝဝ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ
DVB
·
July 28, 2018
ပဲခူးတိုင်းအရှေ့ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၁ဝဝ ကျော်  ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုမှာ ခိုလှုံနေရပါတယ်။ ကျောက်ကြီးမြို့ပေါ် အောင်သုခ၊ သိန်တန်း၊ ပဲခူးရပ်၊ ကပ်ကြေး၊ တောင်ငူတန်း ရပ်ကွက်တွေမှာ ရေအများဆုံးဝင်ရောက်နေတာပါ။ ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ကြသူတွေရှိသလို အိမ်မှာနေလို့ရတဲ့အထိ နေထိုင်နေကြတဲ့ မိသားစု အိမ်ခြေ ၈ဝ ကျော်ရှိပါတယ်။ သူတို့ကိုတော့ လက်ရှိ သောက်ရေပေးဝေနေတယ်လို့ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအဖွဲ့မှ ကိုမင်းမင်းက  ပြောပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးငယ်တွေ စပြောင်းလာတဲ့နေ့က အအေးမိတဲ့ဒဏ်ကြောင့် ဖျားနာနေကြသူတွေလည်း ရှိပါတယ်။ ကျောက်ကြီးမြို့မှ ပရဟိတအဖွဲ့တွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ တပ်မတော် ဆေးတပ်ရင်းမှ လာရောက်ကုသပေးပါတယ်လို့ ပဲခူးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိန်က  ပြောပါတယ်။ ဒီနေ့အထိ ရေဆက်တက်နေတာကြောင့် ကျောက်ကြီးမြို့ထဲအပြင် မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကမ်းပါး ဒေသခံ ကျေးရွာတွေမှာလည်း အရေးပေါ် တာတမံတွေ ပြုလုပ် နေကြပါတယ်။ ဗိုလ်သူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024