Home
မြန်မာသတင်း
ပင်လည်ဘူးတွင် နေ့စဉ်ရက်ဆက် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနေ
Aung Ko Latt
·
July 27, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိနေပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့၊ မနက် ၁ဝ နာရီခွဲခန့်အချိန်ကလည်း ပင်လည်ဘူး- ဗန်းမောက်သွားကားလမ်း၊ ညောင်ပင်သာကျေးရွာအနီးတွင် ဘိန်းမဲ ၇ ပိဿာ ၁ကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ၃၅ဝ ကျော်ဖိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကြိုတင်သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးအောင်မင်းစိန်ဦးဆောင်တဲ့အဖွဲ့၊ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့နဲ့ သက်သေတွေက လိုင်းကားပေါ်မှ ဆင်းလာသူ ၂ ဦးကို မသင်္ကာလို့ စစ်ဆေးမည်ပြုစဉ် ထွက်ပြေးလို့ လိုက်လံလုံးထွေးဖမ်းဆီးခဲ့ပြီး သူတို့သယ်ဆောင်လာတဲ့ ပီနံအိတ်ကို စစ်ဆေးရာက တိတ်ဝါပတ် ဘိန်းမဲလို့ယူဆရတဲ့ အမဲရောင်အစေးထည့် ၉၅ ကျပ်သားစီနှင့် ၅ဝ ကျပ်သားစီပါ အထုပ်ငယ် ၈ ထုပ်ကို သိမ်းဆည်းရမိခဲ့တာပါ။ ဘိန်းမဲလို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေက ဗန်းမောက်မြို့နယ်၊ လိပ်စောကျေးရွာနေ အသက်၃၇ နှစ်ရှိ ရန်နောင်နှင့် လိပ်စာတူ အသက် ၄၂ နှစ်ရှိ သန်းမောင်တို့ဖြစ်ကာ သူတို့နှစ်ဦးကို ပင်လည်ဘူးမြို့မရဲစခန်းက မယ(ပ)၉၆/၂ဝ၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။ အခုတပတ်အတွင်း ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျပ်သိန်းပေါင်း ၂၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စံချိန်တင်ဖမ်းဆီးရမိခဲ့သလို ၂၆ ရက်နေ့ကလည်း ကျပ်သိန်းပေါင်း ၈ဝဝ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ပင်လည်ဘူးမြို့နယ်က အချို့ရွာတွေမှာ အိမ်ခြေ ၁ဝဝဝ ရှိရင် ထက်ဝက်ကျော်က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်နေပြီး အခုနောက်ပိုင်းမှာတော့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလို့ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရာမှာ အတော်လေး အောင်မြင်လာတယ်လို့ မူးယစ်တာအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024