မိုင်းကိုင်မြို့နယ်တွင် ဒီတိုနေတာ စနက်တံကြိုး ၃ သောင်း သိမ်းဆည်းရမိ
DVB
·
July 27, 2018
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ ဒီတိုနေတာ စနက်တံကြိုး ၃၀၀၀၀ ခု သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၂၆ ရက်၊ မနက်ပိုင်းက မိုင်းကိုင်မြို့နယ် ခန့်မှန်းမြေပုံအညွှန်း LD-459742 မှာ တပ်မတော်သားတွေက လဲချားမှ မိုင်းကိုင်ကို စိုးမိုးအောင်(ခ) ဖိုးသား(၂၃)နှစ် မောင်းနှင်လာတဲ့ 3G/xxxx Probox ယာဉ်အား စစ်ဆေးရာမှ သိမ်းဆည်းရမိတာပါ။
ယာဉ်ပေါ်ကနေ ဒီတိုနေတာ စနက်တံကြိုး (အရှည် ၂.၅ လက်မ၊ လုံးပတ် ၀.၂၅ လက်မ၊ ၆ ပေခန့် ဝါယာကြိုးပါ) ၃၀၀၀၀ ခု အား ရှာဖွေတွေ့ရှိ ဖမ်းဆီးခဲ့ပြီး မိုင်းကိုင်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
စိုးမိုးအောင်အား မိုင်းကိုင်မြို့မရဲစခန်းက (ပ)၄၃/၂၀၁၈၊ ရှမ်းလက်နက် ၁၂(ဂ) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။