ရုရှားနှင့်တရုတ် သမ္မတနှစ်ဦး တောင်အာဖရိကတွင် တွေ့ဆုံ

ဓာတ်ပုံ - Xinhua
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ဇူလိုင် ၂၆ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတနှစ်ဦးဟာ ဘရစ် (BRICS) ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေချိန် သီးခြားတွေ့ဆုံခဲ့ကြတာပါ။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နိုင်ငံတကာမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကို  နက်နက်ရှိုင်းရှိုင်း မြင်နိုင်တဲ့အထိ ဖလှယ်ဆွေးနွေးခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သမ္မတ ပူတင်နဲ့ သမ္မတ ရှီတို့ဟာ ဆွေးနွေးပွဲအပြီး အတူတူ ညစာစားခဲ့ကြပါတယ်။ တွေ့ဆုံပွဲအတွင်း ရုရှား-တရုတ် အကျိုးစီးပွားနဲ့ ဆက်နွှယ်တဲ့ ကိစ္စရပ်တွေကိုလည်း သမ္မတနှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up