Home
မြန်မာသတင်း
မြန်မာကလေးများပွဲတော် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်
DVB
·
July 27, 2018
မွေးစကနေ အသက် ၁၂ အရွယ် ကလေးများအတွက် မြန်မာကလေးများပွဲတော်ကို ရန်ကုန်မြို့က တပ်မတော်ခန်းမမှာ ဇူလိုင် ၂၇ ရက်နေ့ကစပြီး ၃ ရက်ကြာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။ ဒီပွဲတော်မှာ ကလေးတွေအတွက် အစာအာဟာရ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပြခန်းတွေ ပါဝင်ပြသသွားမှာပါ။ အဲဒီအပြင် မူကြိုကျောင်း ဆယ်ကျောင်းရဲ့ မိတ်ဆက်အစီအစဉ်နဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးမယ့် ဉာဏ်စမ်းအစီအစဉ်တွေ၊ စွမ်းရည်ပြပွဲတွေအပြင် ရိုးရာအားကစားနည်းတွေ ပြန်လည်ဖော်ထုတ်တဲ့ အစီအစဉ်တွေလည်း ပါဝင်မှာပါ။ ဒီပြပွဲမှာ ပြခန်းပေါင်း ၁ဝဝ နီးပါး ပါဝင်ပြသသွားမှာဖြစ်ပြီး  ပြပွဲကို Myanmar Kids Club နဲ့ EMG ကုမ္ပဏီတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024