မဒေါက်၊ ရွှေကျင်၊ ပဲခူးနှင့် ဘားအံမြို့တို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့ မြို့တွေနဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေရဲ့ မြစ်ရေအခြေအနေတွေကို မိုးဇလက ထုတ်ပြန်လိုက်ပါတယ်။ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရှိရာကနေ စိုးရိမ်ရေမှတ်အထက် ၁၂၃၈ စင်တီမီတာထိ ကျော်လွန်နေပါတယ်။ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ရှိရာမှ စိုးရိမ်ရေမှတ်အထက် ၈၁၀ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ ရှိရာကနေ စိုးရိမ်ရေမှတ်အထက် ၉၄၁ စင်တီမီတာထိ ကျော်လွန်နေပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ရှိရာကနေ စိုးရိမ်ရေမှတ်အထက် ၈၇၄ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဟင်္သာတ၊ ဇလွန်၊ တောင်ငူ၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ မြောက်ဦးတို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up