ထရမ့်နှင့် ပူတင်တို့၏ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ယခုနှစ်အတွင်း မဖြစ်နိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ နောက်တကြိမ်ပြုလုပ်မယ့် ဆွေးနွေးပွဲဟာ အခုနှစ်အတွင်း ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဇူလိုင် ၂၅ ရက်နေ့မှာ ပြောကြားသွားပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုနှစ် ဆောင်းဦးပေါက်ရာသီကာလ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း အမေရိကန်မှာ ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ “နောက်လုပ်မယ့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ရုရှားအရှုပ်တော်ပုံကိစ္စပြီးမှ လုပ်သင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ထားပါတယ်။ ဒါကြောင့် ဒီထိပ်သီးဆွေးနွေးပွဲကို နောက်နှစ် အစပိုင်းကော်ျလောက်မှပဲ လုပ်ဖို့ ကျနော်တို့အကြား သဘောတူခဲ့တယ်” လို့ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားသမ္မတနဲ့ နောက်တကြိမ် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အကြောင်းကို တွစ်တာ စာမျက်နှာကနေတဆင့် အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက ကြေညာခဲ့ရာမှာ အမေရိကန် အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေအကြား အံ့အားသင့်ခဲ့ရသလို စိတ်ပျက်စရာလည်း ဖြစ်ခဲ့ရတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up