Home
မြန်မာသတင်း
ဖားကန့်တွင် ကမ်းပါးပြိုကျ သေဆုံးသူအလောင်း ၈ လောင်းထပ်မံတွေ့ရှိ
DVB
·
July 26, 2018
37849312_1783232161791611_7762365149352034304_o
37770194_1783231918458302_6711120892329459712_o
37793896_1783232015124959_2846463552217153536_o
37791079_1783231818458312_5057675924955201536_o
37849312_1783232161791611_7762365149352034304_o
37770194_1783231918458302_6711120892329459712_o
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဇူလိုင် ၂၄ ရက် မနက်က မမုံကျေးရွာအနီးမှာ မြေကမ်းပါးပြိုမှု ဖြစ်ပွားခဲ့ပြီး မမုံကျေးရွာ၊ ဖားပြင်ကျေးရွာ၊ မက်လင်ချောင်ကျေးရွာ စတဲ့ကျေးရွာတွေက ရေမဆေးရှာဖွေ ၂၇ ဦး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာအသီးသီးက လူပျောက်တိုင်ကြားချက် စာရင်းတွေ အရ သိရပါတယ်။ ဇူလိုင် ၂၅ ရက်က ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး သေဆုံးသွားသူတွေကို ရှာဖွေကယ်ဆယ်ဖို့ လမ်းဖောက်တဲ့ လုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ် ။ ဒီနေ့မနက် ၆ နာရီခွဲမှာတော့ မြေပိသေဆုံးအလောင်း  ၈ လောင်း သူ့အလိုလို ရေထဲမှာ ပေါ်လာတယ်လို့ ဖားပြင်ကျေးရွာက လူမှုညီရေး အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ တွေ့ရှိတဲ့အလောင်းတွေထဲမှာတော့ ၅ လောင်းဟာ ပိုင်ရှင်ရှိပေမယ့် ၃ လောင်းကတော့ ပိုင်ရှင်မရှိသေးပါဘူး။ ကျန်တဲ့အလောင်းတွေကို ဆက်လက်ဖော်ယူ ကယ်ဆယ်နေဆဲဖြစ်လို့ နောက်ထပ် အလောင်းတွေ ထပ်ပြီးတွေ့ရနိုင်ဖွယ်ရှိနေပါတယ်။ ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024