Home
မြန်မာသတင်း
ဘားအံ ရေဘေးဒုက္ခသည်များကို အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပြော
DVB
·
July 26, 2018
37851244_194235308103417_6169890300761210880_o
37839800_194236271436654_17120426836623360_o
37815643_194237091436572_926853620354252800_o
37812360_194235038103444_2982342131185614848_o
37807522_194236761436605_5226160495475556352_o
37803637_194235961436685_7215606333578412032_o
37800779_194234761436805_8622650285606567936_o
37787943_194238274769787_8501602696862629888_o
37782646_194235774770037_6344872194727739392_o
37767443_194235491436732_7928430373384486912_o
37754707_194237504769864_8517208774065258496_o
37737613_194237681436513_4300401026629894144_o
ကရင်ပြည်နယ်၊ ဘားအံမြို့ကို ဒီနေ့ မနက်ပိုင်းက နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီး ရေး​ဘေးကယ်​ဆယ်​​ရေးစခန်း​​တွေမှာ ခိုလှုံနေတဲ့ ​ဒေသခံပြည်​သူ​​တွေကို ​တွေ့ဆုံအား​ပေးစကား ​ပြောကြားပြီး အကူအညီတွေပေးသွားပါတယ်​။ ကယ်​ဆယ်​​ရေးစခန်း​တွေကို​ရောက်ရှိ ခိုလှုံ​နေတဲ့ ​ဒေသခံပြည်​သူ​တွေကို သွားရောက်ကြည့်ရှု အား​ပေးစကား​ပြောကြားပြီး ဌာနဆိုင်​ရာ​တွေက ​ပေးအပ်​လှူဒါန်းတဲ့ ထောက်ပံ့​ငွေနဲ့ စားသောက်​ဖွယ်​ရာ​တွေကို လက်​ခံခဲ့ပါတယ်​။ ဇူလိုင် ၂၅ ရက်နေ့ ကရင်ပြည်နယ်မှာပြုလုပ်​မယ့် လူငယ်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းကို လာရောက်ဖို့ စီစဉ်​ခဲ့​ပေမယ့် ရာသီဥတုအခြေအနေ ဆိုးရွားနေတဲ့အတွက် ရက်ရွှေ့ဆိုင်းခဲ့ရ​ပြီး ယ​နေ့​မှာ ​မော်​လမြိုင်​​လေဆိပ်​ကနေ တဆင့် ဘားအံမြို့ကို လာရောက်ခဲ့တာပါ။ ဘားအံမြို့​ပေါ်မှာရှိတဲ့ ရေဘေးကယ်​ဆယ်​​ရေးစခန်း​တွေမှာ ​ရောက်ရှိခိုလှုံနေတဲ့ ​ဒေသခံပြည်​သူ​တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွား​ရောက်​အား​ပေးစကား​ပြောကြားပြီး​ ဌာနဆိုင်​ရာက လွှဲပြောင်းလှူဒါန်းတဲ့ အလှူငွေနဲ့ ပစ္စည်း​တွေကို လက်​ခံခဲ့တာပါ။ ဆက်​လက်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ကယ်​ဆယ်​​ရေးစခန်း​တွေမှာ ရောက်ရှိ​ နေတဲ့ ​ဒေသခံပြည်​သူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​မေးမြန်းပြီး ပြည်​နယ်​ဝန်ကြီးချုပ်​နဲ့ သက်​ဆိုင်​ရာ ဌာန​တွေကို ပူး​ပေါင်း​ဆောင်​ရွက်​​ပေးဖို့ လမ်းညွန်​မှာကြားခဲ့ပါတယ်​။ ကယ်​ဆယ်​​ရေးစခန်းကို​ရောက်ရှိ​နေတဲ့ ဘားအံမြို့ အမှတ်​ ၂ ရပ်​ကွက်​၊ ဆွမ်း​လောင်းဓမ္မာရုံလမ်း၊ မဝင်းန္တာ​အေး​က “ခုလို ​ဒေါ်​အောင်​ဆန်းစုကြည်​​ရောက်​ပြီး အား​ပေးခဲ့တဲ့အတွက်​ အားရဝမ်းသာမိပြီး အ​မေ့ကိုယ်​တိုင်​လာပြီးအား​ပေးတာ ​ဝမ်းသာမဆုံး ​ကျေနပ်​မိတယ်​”လို့ ​ပြောပါတယ်​။ နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ဟာ ဘားအံမြို့ရှိ ​ရွှေယဉ်​​မျှော်​ ​ရေ​ဘေး ကယ်​ဆယ်​​ရေး စခန်း၊ ဆိုင်​ကလုံးရှပ်​တာ၊ မိုးလုံ​လေလုံ အားကစားရုံမှာ ​ရောက်ရှိ​နေတဲ့ ​ဒေသခံပြည်​သူ​တွေနဲ့​ တွေ့ဆုံအား​ပေးခဲ့ပါတယ်​။ ရဲမင်း​ခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024