ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် စိတ်ဂယောင်ခြောက်ခြား ဖြစ်နေဟု အောင်ဝင်းဇော် ထွက်ဆို

တရားလွှတ်​​တော်​​ရှေ့​နေ ဦးကိုနီ လုပ်​ကြံသတ်​ဖြတ်​ခံရတာနဲ့ ပတ်​သက်ပြီး ၃၀၂ ၁(ခ)/၃၄ နဲ့ စွဲချက်တင်ထားတဲ့ အောင်ဝင်းဇော်ကို ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အောင်သပြေရဲရိပ်သာမှာ သူကို ၁၁ ရက်ကြာ စစ်ဆေးခဲ့ချိန်အတွင်း အမျိုးမျိုး ညှဉ်းပန်းခံရပြီး စိတ်ကစဥ့်ကလျား ဂယောင်ခြောက်ခြားနဲ့ စိတ်အားငယ်တာဖြစ်ခဲ့ပြီး အခုစစ်ဆေးနေချိန်မှာလည်း အဲလိုဖြစ်ပေါ်နေတယ်လို့ ရုံးတော်မှာ အောင်ဝင်းဇော်က ထွက်ဆိုခဲ့ပါတယ်။ သူ့အနေနဲ့အခုစွဲချက်တင်ထားတာမှာ မကျူးလွန်ကြောင်း အပြစ်မရှိကြောင်း မသိတဲ့ ကိစ္စကို ဖြေရှင်းနေရတာဖြစ်တယ်လည်း ထွက်ဆိုခဲ့ပါတယ်။ တရားခွင်ကို မွန်းတည့် ၁၂ နာရီထိုးမှာ ခဏရပ်နားခဲ့ပြီး နေ့လယ် ၁ နာရီထိုးမှာ အောင်ဝင်းဇော်ကို ထပ်ပြီး စစ်ဆေးမှာပါ။ ဦးကိုနီအသတ်ခံရမှုအတွက် ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း တို့ကို ၆၃ ကြိမ်မြောက် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up