ပေါ့ဂ်ဘာ ထိပ်တန်းကစားသမားဖြစ်လာရန် ဦးနှောက်သုံး ကစားဖို့လိုဟု ပေါလ်စခိုး ပြော

ပေါ့ဂ်ဘာအနေနဲ့ ထိပ်တန်းကစားသမား ဖြစ်လာဖို့ဆိုရင် ဦးနှောက်သုံးကစားဖို့ လိုတယ်လို့ မန်ယူကစားသမားဟောင်း ပေါလ်စခိုးက ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ နည်းစနစ်ပိုင်နိုင်ပြီး ကြံ့ခိုင်မှုကောင်းသလို အရည်အချင်းရှိတဲ့ ကစားသမား ဖြစ်ပေမယ့် ထိပ်တန်းကစားသမား ဖြစ်လာဖို့ဆိုရင်တော့ ဦးနှောက်သုံး ကစားတတ်ဖို့ လိုသေးတယ်လို့ ပေါလ်စခိုးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာအနေနဲ့ ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုအပ်ပြီး တပွဲတလေကောင်းအောင် ကစားနိုင်ပေမယ့် နောက်ပွဲတွေမှာ အဲဒီခြေစွမ်းကို ဆက်ထိန်းနိုင်မှု မရှိတော့ဘူးလို့ brIN Sport နဲ့ အင်တာဗျူးမှာ ပေါလ်စခိုးက ပြောကြားခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့ဆိုရင် ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားတွေရှိမှ ရနိုင်မယ်လို့လည်း ပေါလ်စခိုးက ပြောပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာ အကောင်းဆုံးခြေစွမ်းရဖို့ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတော့ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up