ဆာလက်၊ မာနေးတို့၏ သွင်းဂိုးများဖြင့် လီဗာပူးက မန်စီးတီးကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ အိုင်စီစီဖလားပြိုင်ပွဲမှာ လီဗာပူးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းမှာ အဓိက ကစားသမားတွေ ပါဝင်ခြင်းမရှိပေမယ့် ဒီရာသီ လက်စတာကနေ ဝယ်ယူထားတဲ့ ကွင်းလယ်လူ မာရက်ဇ်ကတော့ ပွဲစကတည်းက ပါဝင်ကစားသွားပါတယ်။ လီဗာပူးအသင်းမှာလည်း အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့ ဒုတိယပိုင်းမှ ဝင်ကစားသွားပြီး ပွဲထွက်စာရင်းမှာတော့ တိုက်စစ်မှူး စတာရစ်ခ်ျ၊ လယ်လာနာ၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဖာဘင်ဟို၊ မီလ်နာ၊ ဗန်ဒိုက်၊ ဂိုမက်စ်၊ ကလိုင်း၊ ရောဘတ်ဆန် စတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဘောလုံးပေးပို့မှု၊ ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းမှု၊ ဘောလုံးပိုင်ဆိုင်မှု စတာတွေမှာ မန်စီးတီးအသင်းထက် သာလွန်ခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေကျခဲ့ပြီး ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ မန်စီးတီး အဖွင့်ဂိုး ရခဲ့ကာ တောင်ပံတိုက်စစ်မှူး ဆာနေး လီဗာပူးကစားသမားတွေနဲ့ ယှဉ်ပြေးပြီး အပြင်းကန်သွင်းခဲ့တာပါ။ လီဗာပူးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ နာမည်ကြီး တိုက်စစ်မှူး ဆာလက်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် တဂိုးစီ သရေကျမလိုဖြစ်နေရာက ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ လီဗာပူးတိုက်စစ်မှူး မာနေးက ပယ်နယ်တီကတဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ လီဗာပူး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အိုင်စီစီဖလား နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၂၉ ရက်နေ့မှာ မန်ယူနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး မန်စီးတီးကတော့ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up