Home
မြန်မာသတင်း
ငွေစက္ကူများ တရားမဝင်ကြောင်း အမိန့်စာအတု ဖေ့စ်ဘွတ်ခ်တွင် ဖြန့်သူကို အရေးယူမည်
DVB
·
July 25, 2018
ဗဟိုဘဏ်ထုတ် ငွေစက္ကူများ တရားမဝင်ကြောင်း သမ္မတရုံးအမိန့်စာအတုပြုလုပ်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာစတင် ဖြန့်ဝေသူကို စုံစမ်းပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမှာ ပြောပါတယ်။ လက်ရှိ facebook တွင် ပျံ့နှံ့လျက်ရှိသော နိုင်ငံတော်သမ္မတရုံး အမိန့်စာအမှတ် (၂၅/၂၀၁၈) ထုတ်ပြန်ထားခြင်း မရှိပါ။ ငွေစက္ကူ ကိစ္စနှင့် ပတ်သက်၍ မည်သည့်အမိန့်မှ ထုတ်ပြန်ထားခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။” အမိန့်စာအတုကို စတင်ဖြန့်ဝေသူကို စုံစမ်းစိစစ်နေရှိပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အသိပေးအပ်ပါတယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။ 'မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေစက္ကူများ တရားမဝင်ကြော်ငြာခြင်း'ဆိုတဲ့ ခေါင်းစဉ်နဲ့  အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အမိန့်စာအတုမှာ ကျပ် ၅၀၀ တန်၊ ၁၀၀၀ တန်၊ ၅၀၀၀တန်နဲ့ ၁၀၀၀၀ တန် ငွေစက္ကူတွေကို သြဂုတ် ၁ ရက်က စပြီး သုံးစွဲခွင့် မပြုတော့ဘူးလို့ ရေးသားကာ တံဆိပ်တုံးအတုနဲ့တကွ ဖော်ပြထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024