Home
မြန်မာသတင်း
မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားသည့်အမှု ၄၆ မှုရှိ၊ ၇၃ ဦး ဖမ်းဆီးထား
DVB
·
July 24, 2018
သမ္မတရုံးမှာ ဖွင့်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ထားပြီး ၁ လလောက်အကြာမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၄၆ မှု၊ တရားခံ ၇၃ ယောက်ကို ဖမ်းဆီးရမိခဲ့ တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ တိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ပြီး ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၂၁ ရက်အထိ စုံစမ်း ဖော်ထုတ်ချက်တွေအရ ၄၆ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံ အမျိုးသား ၆၁ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၇၃ ယောက်တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အမှုတွေကနေ ဘိန်းဖြူ ၅၄၄ ဒသမ ၆၅ ဂရမ်၊ ဘိန်းစိမ်း ၂၆၀၀ ဂရမ်၊ ဘိန်းမည်း ၃၀ ဂရမ်၊ အဝတ်ဘိန်း ၁၀ ဂရမ်၊ ဘိန်းစာမှုန့် ၃၀ ဂရမ်၊ ဆေးခြောက် ၁၃၁ ဒသမ ၀၈ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၁၃၃၅၃ ပြား စတာတွေ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ဒေသတွေကတော့ အောင်လံ၊ ရန်ကုန်တိုင်း ဒလ၊ တောင်ဒဂုံ၊ လှိုင်၊ တာမွေ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ မိုးညှင်း၊ စစ်ကိုင်းတိုင်း ဖောင်းပြင်၊ ကသာ၊ ရေဦး၊ ရှမ်းပြည်နယ် တောင်ကြီးတို့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ မူဆယ်၊ ပူတာအို၊ ဖောင်းပြင်၊ ဗန်းမော်၊ ပြင်ဦးလွင်၊ ရွှေညောင်၊ ဟုမ္မလင်း၊  ရေဦး၊ ကျွန်းစုနဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ မြို့နယ်တွေကနေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားနိုင်ဖို့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာနကို ဇွန်လ ၂၆ ရက်က သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့ အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024