ပါကစ္စတန်မှာ ဖက်ရှင် လျှောက်ရတဲ့ အန္တရာယ်
DVB
·
July 19, 2012
ပါကစ္စတန်နိုင်ငံ မြို့တွေမှာ ရှေးရိုးစွဲ ပက်ရှ်ဟာဝါမြို့ (Peshawar) အပါအ၀င် ဖက်ရှင်ပွဲတွေ က ခေတ်စားလာနေပါတယ်။ ဖက်ရှင်ရှိုးတွေဟာ လတိုင်း ၁ လကို ၁ ပွဲလောက်ရှိနေသလို ပက်ရှ်တွန် အသိုင်း အ၀န်းထဲက မော်ဒယ် လုပ်လိုတဲ့ သူတွေရဲ့ ဆန္ဒ အိပ်မက်ကလည်း အမှန်တကယ်ဖြစ် လာပါပြီ။ ဒါပေမယ့် အမျိုးသမီးတွေအတွက် ဖက်ရှင်ရှိုးမှာ တက်လျှောက်ရတာက မလွယ်လှပါဘူး။ ၂၀၀၂ တုန်းက ခရိုင်ရဲ့ ဥပဒေကို ကိုင်တွယ်နေတဲ့ ရှေးရိုးစွဲ ဘာသာရေး မဟာမိတ် ပါတီတွေက အမျိုးသမီးတွေရဲ့ ကြော်ငြာဆိုင်းဘုတ်ပုံတွေကို တားမြစ်ခဲ့ဖူးပါတယ်။ ပါတီက အာဏာလက်မဲ့ ဖြစ်နေပေမယ့်လည်း လူထုရဲ့ တုံ့ပြန်ချက်ကတော့ မော်ဒယ်လ်တွေအတွက် အန္တရာယ်ရှိနေဆဲပါ။
မျှော်လင့်ချက်အပြည့်နဲ့ နုပျိုတက်ကြွတဲ့ ပက်ရှ်ရှာဝါ ဖက်ရှင်သမားတဦးကို မူဒက်ဆာရှား (Mudasssar Shah) က တွေ့ဆုံ သတင်းပေးပို့ထားပါတယ်။