DVB Logo
Home
မြန်မာသတင်း
အလင်းရောင်၊ ကျော်ထက်အောင်နှင့် ဖွေးဖွေး ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်-CO2 ရုပ်ရှင်(နမူနာ)
DVB
·
July 23, 2018
အလင်းရောင်၊ ကျော်ထက်အောင်နှင့် ဖွေးဖွေး ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်-CO2 ရုပ်ရှင်(နမူနာ)
Donate to DVB

 

သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ အလင်းရောင်၊ ကျော်ထက်အောင်နဲ့ ဖွေးဖွေးတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်-CO2 ရုပ်ရှင်ကားကို လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး မီမီရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

လူငယ်တယောက်ဟာ သူ့စိတ်ရဲ့ စေစားရာအတိုင်း အမှား၊ အမှန် မခွဲခြားဘဲ လုပ်မိရာကနေ လမ်းမှားကို ရောက်သွားပြီး အောက်လမ်းနည်းပညာတွေသုံး၊ ဒုစရိုက်မှုတွေ ကျူးလွန်တဲ့အထိ ရောက်ရှိသွားရတဲ့အဖြစ်ကို သင်ခန်းစာယူနိုင်ဖို့ ရိုက်ကူးထားတဲ့ အချစ် ဒရာမာနဲ့ ထိတ်လန့် ကြောက်မက်ဖွယ် ပညာပေးဇာတ်လမ်း ဖြစ်ပါတယ်။

နောင်နောင်နဲ့ သာယာတို့ဟာ အိမ်နီးချင်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့ ၂ ယောက် ကြီးလာကြချိန်မှာ နောင်နောင်က ကုမ္ပဏီအရောင်းမန်နေဂျာ ဖြစ်လာပြီး သာယာကတော့ မီဒီယာတခုမှာ အလုပ်လုပ်တယ်။ နောင်နောင်က သာယာကို တိတ်တခိုး စိတ်ဝင်စားနေတယ်။ သူဟာ အလုပ်မှာလည်း အဆင်မပြေ၊ သူငယ်ချင်းဖြစ်တဲ့ သာယာကလည်း ချစ်သူရသွားချိန်မှာ အောက်လမ်းနည်းပညာနဲ့ ပြုလုပ်ထားတဲ့ အစီအရင်တွေကို အသုံးပြုပြီး စိတ်ထင်ရာစိုင်းခဲ့ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားဟာ မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး ရုပ်ရှင်နမူနာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013