DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ဆောင်းပါး

ပလတ်စတစ် ညစ်ညမ်းမှု လွှမ်းမိုးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာမြေ

  • By DVB
  • 23 July 2018
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက အက်ဖ်ဘီအက်စ် သတင်းဌာနက ဖော်ပြလိုက်တဲ့ သတင်းတခုကို ဖတ်လိုက်ရပြီး သတင်းဓာတ်ပုံကို တွေ့လိုက်ရတော့ ကျနော် အတော်ထိတ်လန့် အံ့သြသွားခဲ့ရပါတယ်။ ကာရစ်ဘီယံ ပင်လယ်ပြင်ထဲက ဒီလှိုင်းကြီးတခုကို ရိုက်ထားတဲ့ သတင်းဓာတ်ပုံမှာ ပင်လယ်ရေနဲ့ ရေစက်တွေကို လုံးဝမမြင်ရဘဲ ပလတ်စတစ်ပြင်ကြီး လှိုင်းထနေတာကို တွေ့လိုက်ရတဲ့အတွက် ကမ္ဘာ့ပင်လယ်ပြင်တွေနဲ့ သမုဒ္ဒရာတွေအထိ ပလတ်စတစ် ညစ်ညမ်းမှုကြီးနဲ့ ရင်ဆိုင်နေရပြီ ဆိုတာကတော့ သေချာတယ်လို့ ပြောလို့ရပါတယ်။

ကမ္ဘာတဝှမ်းလုံးက ပြည်သူလူထုတွေ နေ့စဉ်လူမှုဘဝမှာ အသုံးပြုနေတဲ့ ပလတ်စတစ်တွေဟာ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို အသေအချာ ခြိမ်းခြောက်လာနေပြီလို့ ပြောရင် သတင်းအချက်အလက် ပြည့်ပြည့်ဝဝ မရရှာတဲ့သူတွေ အထူးသဖြင့် မြန်မာနိုင်ငံက သာမန်ပြည်သူလူထုတွေကတော့ ကျွတ်ကျွတ်အိတ်တွေ၊ ပလတ်စတစ်ဘူးခွက်တွေက ဒီလောက်ဒုက္ခပေးနိုင်တာ ဟုတ်ရဲ့လား၊ မသုံးလို့မှမဖြစ်တာ၊ ကျွတ်ကျွတ်အိတ်မသုံးရင် ဘာသုံးမှာလဲဆိုတဲ့ အသိပညာ အားနည်းချို့ယွင်းမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကတော့ မလွှဲမရှောင်သာ တွေ့ရကြားရနေအုံးမှာပါပဲ။ နိုင်ငံအစိုးရဆိုတဲ့သူတွေတောင် နိုင်ငံအနည်းအကျဉ်းကလွဲလို့ ဒီလို အန္တရာယ်ကြီးတဲ့ ညစ်ညမ်းမှုမျိုးကို အမြန်ဆုံးတားမှ၊ ရပ်မှဆိုတာမျိုးမှ မရှိတော့လည်း ဒီ ပလတ်စတစ် ညစ်ညမ်းမှုမျိုးက ခုမီးနီပြလာတဲ့ အဆင့်ထိ ရောက်လာခဲ့တာဟာ အဆန်းမဟုတ်ဘူးလို့ ပြောရမှာပါပဲ။

ဒီကိစ္စကို သဘာဝဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ၊ ဓာတုပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြတာ ကျနော်မှတ်မိသမျှ နှစ်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘာလို့ ခု ကာရစ်ဘီယံ ပင်လယ်မှာ ဖြစ်လာခဲ့သလို အဖြစ်မျိုး ဖြစ်ခဲ့တာပါလဲ။ အရေးကြီးတဲ့ ဦးစားပေး လုပ်ဆောင်ရမယ့်ကိစ္စကို အရေးမကြီး ဦးစားမပေးသင့်တဲ့ ကိစ္စလို့ အစိုးရတွေက သဘောထားခဲ့လို့ပဲ ဖြစ်ပါတယ်။ စကားစပ်အရ မြန်မာနိုင်ငံလို နိုင်ငံမျိုးကတော့ ခုထိ အိုကေပြနေသလို ဆက်လက်ပြီး ကျွတ်ကျွတ်အိတ်တွေ၊ ပလတ်စတစ်အိတ်တွေ၊ ဘူးခွံတွေကို စည်းမဲ့ကမ်းမဲ့ ထင်သလို သုံးစွဲစွန့်ပစ်နေကြဆဲ ဖြစ်ပါတယ်။

ကျနော်တွေ့လိုက်ရတဲ့ ကာရစ်ဘီယံပင်လယ်က ဓာတ်ပုံဟာ ကမ္ဘာ့ပျက်ကိန်းကို ဟောကိန်းထုတ် ရိုက်ကူးလိုက်တဲ့ ရုပ်ရှင်တခုထဲမှာ ကာရစ်ဘီယံပင်လယ်ထဲမှာ စီးမျောနေတဲ့ အမှိုက်လှိုင်းကြီးတွေကို ရိုက်ပြထားတဲ့ မြင်ကွင်းတခုပါ။ အဲဒီ ဗွီဒီယိုရုပ်ရှင်က ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ မြို့တော်  ဆင်တိုဒိုမင်ဂို ကမ်းရိုးတန်းမှာ ရိုက်ထားတာဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖြစ်လာနေပြီ ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ ဗွီဒီယိုရုပ်ရှင်တခုပါပဲ။ ဒီဗွီဒီယိုရုပ်ရှင်ကားကို သမုဒ္ဒရာတွေအတွက် ပါလေလို့ခေါ်တဲ့ အန်ဂျီအိုက ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာက အာရုံထား ဂရုပြုလာကြအောင် အွန်လိုင်းမှာတင်ပြီး ပြသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့က ညစ်ညမ်းမှုတွေကို ဖယ်ရှားရှင်းလင်းရေးမှာ ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပြီး သူတို့အဖွဲ့က ခုမှ အပေါ်ယံမျက်နှာပြင်ကို ကုတ်ခြစ်မိရုံပဲ ရှိသေးတဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

အဖွဲ့က သူ့ရဲ့ အွန်လိုင်းစာမျက်နှာမှာ “၃ ရက် သန့်စင်ရှင်းလင်းရေး လုပ်ပြီးတဲ့အချိန်မှာ ကျနော်တို့ ပလတ်စတစ်တန်ချိန် ၃၀ ကို သိမ်းဆည်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ရမယ့်အလုပ်တွေက တပုံတပင် ရှိနေပါသေးတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အရှေ့တောင်အာရှတခွင်က ကမ်းခြေတွေဟာ ပိတ်နေပြီး ဝေလငါးတွေကို အစာအိမ်တွေထဲမှာ ပလတ်စတစ်အပြည့်နဲ့ သေနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလဟာ ကမ္ဘာမှာ ၂၀ ရာစုတစုလုံး ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ထက် ပိုပြီး ထုတ်လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ကြောက်ခမန်းလိလိ ထုတ်လုပ်ခဲ့ကြတယ်လို့ ပြောရမှာပါပဲ။ လူတွေအနေနဲ့ အဲဒီအမှိုက်တွေနဲ့ ပလတ်စတစ်တွေဟာ သမုဒ္ဒရာတွေထဲမှာ ဘယ်လိုနိဂုံးချုပ်ကြတယ်၊ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေတယ် ဆိုတာကို သတိထားကြစေချင်တယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးထားပါတယ်။ ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးဟာ မကြာခင်အချိန်မှာ အစုလိုက်အပုံလိုက် ဖြစ်နေတဲ့ ဂီဇာဒေသမှာရှိနေတဲ့ ပိရမစ်ကြီးတွေရဲ့ ထုထက် ၂၁ ဆလောက်ရှိတဲ့ ပလတ်စတစ် အမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်၊ ကိုင်တွယ်ဖြေရှင်းရင်း ပြန်လည်အသုံးချဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ ဆိုတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ လေ့လာမှုအသစ်တခုက တရုတ်နိုင်ငံက ကမ္ဘာရဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်ပမာဏရဲ့ ထက်ဝက်နီးပါးလောက်ကို လက်မခံတော့ဖို့ ဆုံးဖြတ်ချက်ဟာ ၂၀၃၀ ခုနှစ်လောက်မှာ ခန့်မှန်းခြေ မက်ထရစ်တန် ၁၁၁ သန်းလောက် နေရာယူလာလိမ့်မယ်လို့ ပြဆိုပါတယ်။ အဲဒီအတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေအဖို့ သူတို့ရဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်တွေကို စုပုံထားဖို့၊ ထားစရာ ပြည်တွင်းမှာ နေရာလုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် နောက်ထပ် သွင်းကုန်တင်သွင်းဖို့ ကိုင်တွယ်စရာ အခြေခံမရှိသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သင်္ဘောနဲ့ တင်ပို့ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိသလောက် ဖြစ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလေ့လာမှုမှာ ပူးတွဲစာရေးသူဖြစ်တဲ့ ဂျော်ဂျီယာတက္ကသိုလ် အင်ဂျင်နီယာဌာနက တွဲဘက်ပါမောက္ခ ဂျင်နာ ဂျန်းဘက်ခ်ကတော့ “ခေတ်မီတိုးတက်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ စနစ်တခုလုံးအလိုက် ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေ မလုပ်ဘဲနဲ့တော့ ခုလောလောဆယ် နိမ့်ပါးတဲ့ ပြန်လည်အသုံးပြုမှုနှုန်းနဲ့တောင် ကိုက်အောင်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သူက “ကျမတို့ အရင်တုန်းက ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေတောင် ခုတော့ စုပုံနေတဲ့ အခြေအနေ ရောက်နေပါပြီ” လို့လည်း သူက ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။

သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေကတော့ သဘာဝ ပတ်ဝန်းကျင်ထဲကနေပြီး အဲဒီ မိုက်ခရို ပလတ်စတစ်တွေကို ဖယ်ရှားရှင်းလင်းဖို့တော့ သိထားသမျှ ဘာနည်းလမ်းမှ မရှိသေးပါဘူးလို့ ပြောထားခဲ့ကြပြီး ဖြစ်ပါတယ်။

သတင်းအချက်အလက်အရ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေက သူတို့ရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အများစုကို တရုတ်နိုင်ငံကို ရောင်းချခဲ့တာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပြီလို့ ဆိုပါတယ်။ အဲဒါတွေကို တရုတ်နိုင်ငံက သင်္ဘောတင်ပို့ခတွေ ပေးချေ၊ သုံးလို့မရတော့တဲ့ ပစ္စည်းတွေကို ရွေးချယ်ဖယ်ရှားပြီး သူ့နိုင်ငံရဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်ငန်းကြီးတွေမှာ လိုအပ်တာတွေ ပြန်လည်အသုံးပြုဖို့ လုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာမှုကို မှတ်တမ်းတင် ရေးသားသူတွေကတော့ တရုတ်နိုင်ငံဟာ ၁၉၉၂ ခုနှစ်ကတည်းက ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၁၀၅ သန်းကို လက်ခံခဲ့ပြီးဖြစ်ပြီး အဲဒီကာလ တလျှောက်လုံးမှာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်နိုင်ငံဟာ ကမ္ဘာ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏရဲ့ ၇၂ ရာခိုင်နှုန်းကို လက်ခံခဲ့ကြတာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဟောင်ကောင်ကျွန်းရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ တရုတ်နိုင်ငံမှာပဲ နိဂုံးချုပ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်က အဲဒီ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုများ သူ့နိုင်ငံအတွက် အကျိုးရှိအောင် ပြန်လည်အသုံးပြုခဲ့ပါသလဲ။ ပြန်လည်အသုံးပြုလို့ မရနိုင်တော့တဲ့ ပစ္စည်းတွေကို ဘယ်လိုများ စွန့်ပစ်နိုင်ခဲ့ပါသလဲ ဆိုတာကတော့ ဒီကနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာအတွက် အရေးကြီးတဲ့ အဖြေတခု ရနိုင်မယ်ထင်ပါတယ်။

ဒါပေမယ့် ပလတ်စတစ်ပစ္စည်းတွေကို ဘယ်ကိုမှ စွန့်ပစ်ပေးပို့လို့ မရတဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အစိုးရအဖွဲ့ ခေါင်းရှိမယ်ဆိုရင် မလွဲမသွေ စဉ်းစားရတော့မယ့် အန္တရာယ်တခု ဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။     ။

Tags: စိုးနေလင်းပလတ်စတစ်ညစ်ညမ်းမှုဆောင်းပါး

  • Previous story ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရယူချင်ဟု နေမာ ပြော
  • Next story ရေသန့်လုပ်ငန်းများ အရှုံးပေါ်နေသဖြင့် ရေသန့်ဈေး သတ်မှတ်ပေးရန် တောင်းဆို
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 လူကုန်ကူးမှု ၁၁၁ မှု ဖော်ထုတ်နိုင်၊ တရုတ်နိုင်ငံထဲ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု အများဆုံးဖြစ်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 လူကုန်ကူးမှု ၁၁၁ မှု ဖော်ထုတ်နိုင်၊ တရုတ်နိုင်ငံထဲ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု အများဆုံးဖြစ်
    • 02 အင်ဒိုနီးရှား မြေငလျင်ကြောင့် သေဆုံးသူ ၄၅ ကျော်ရှိလာ၊ အသက်ရှင်သူများကို ဆက်ရှာဖွေ
    • 03 ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)
    • 04 လီဗာပူး-ယူနိုက်တက်ပွဲအပါအဝင် ယခုသီတင်းပတ် ပွဲစဉ်များအပေါ် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်
    • 05 NLD အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝတိုင်းရင်းသားများကို လက်တွဲခေါ်ရန် ဝ အမျိုးသားပါတီ ပြော
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.