Home
မြန်မာသတင်း
အထောက်အထားမဲ့ မြန်မာ ၅ ဦးတင်ဆောင်သူ ထိုင်းလိုင်းကားသမား ဖမ်းဆီးခံရ
နန်းမြနဒီ
·
July 20, 2018
ထိုင်းမြောက်ပိုင်း၊ လမ်းပွန်းခရိုင်ထဲမှာ မနေ့က အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅ ဦးကို ကားနဲ့ တင်ဆောင်လာတဲ့ ထိုင်းဒရိုင်ဘာ ၁ ဦး၊ မြန်မာ ၁ ဦးတို့နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့  ချယ်နယ် ၈ ထိုင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ လမ်းပွန်းခရိုင် နယ်မြေခံစစ်တပ်၊ ရဲ နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေတွင်း ရာဇ၀တ်မှု ပပျောက်ရေးအတွက် နောင်လောင့်မြို့နယ် ၀မ်းဖန်းအုပ်စု လိ-မုန့်ဒွန်သွား  ကားလမ်းမပေါ် စစ်ဆေးစောင့်ကြပ်စဉ် အနီရောင်လိုင်းကားတစီး ၀င်လာကြောင်း၊ .ယာဉ်မောင်းမှာ အသက် ၆၂ နှစ်ရှိ နိုင်းအနန်ဆိုင်ရိုင်ဆိုသူဖြစ်ပြီး ယာဉ်မောင်းဘေးမှာ အသက် ၁၉ နှစ်ရွယ် အောင်လူဆိုသူ မြန်မာလုပ်သား ၁ ဦးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။ သူတို့ကို မေးမြန်းရာမှာ လမ်းယိုင်းသီးတွေဆွတ်ခူးဖို့ အလုပ်သမားတွေ သွားပို့တာလို့ ဆိုပါတယ်။ ကားနောက်ခန်းမှာ အသက် ၁၉ နှစ်မှ ၃၅ နှစ်ကြား လူရွယ် ၅ ဦး လိုက်လာတာတွေ့ရပြီး မှတ်ပုံတင် အထောက်အထားတစုံတရာမရှိကြောင်း၊ ဒါကြောင့် သူတို့ ၅ ဦးကို နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ဖမ်းဆီးထားပြီး ယာဉ်မောင်းနဲ့ မြန်မာလုပ်သား ၁ ဦးတို့မှာလည်း တရားမ၀င်သူတွေ ခေါ်ဆောင်လာမှုနဲ့ အရေးယူခံရမယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024