ရုပ်မြင်သံကြား ပုံမှန်ကြည့်ရှုသူအရေအတွက် လျော့နည်းကျဆင်းလာနေ
DVB
·
July 20, 2018
မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား ပုံမှန်ကြည့်ရှုသူ အရေအတွက်ဟာ ရာနှုန်း တ၀က်အောက်ကျဆင်းနေတယ်လို့ ဒီဗွီဘီက အွန်လိုင်းမှာ စုဆောင်းထားတဲ့ စစ်တမ်းမှာ ဖော်ပြနေပါတယ်။
ဒီဗွီဘီ မာတီမီဒီယာ ရုပ်သံသတင်းဌာနရဲ့ သီတင်းတပတ်ကြာ လူထုစစ်တမ်းအရ သဘောထား ကောက်ခံမှုကို အွန်လိုင်းကနေ ဖြေဆိုသူ ၁၃၀၀ ထဲမှာ ၄၅ ရာနှုန်းကသာ ရုပ်သံ ပုံမှန်ကြည့်ရှုတယ်လို့ ဆိုပါတယ်။
ရုပ်သံပုံမှန်မကြည့်တော့ဘဲ တယ်လီဖုန်းထဲကနေ ကြည့်ချင်ရာကြည့်သူတွေက ၅၅ ရာနှုန်းထိရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှ တယ်လီဖုန်း အသုံးပြုသူ သန်းပေါင်း ၅၀ ကျော်နဲ့ လူမှုကွန်ရက်နဲ့ အင်တာနက်သုံးပြုသူကတော့ ၁၅ သန်းအထက် ရှိတယ်လို့ စစ်တမ်းတွေမှာ ခန့်မှန်းထား ပါတယ်။