အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သံဃာတော်များကို ဆွမ်းကပ် (ဓာတ်ပုံ)
DVB
·
July 19, 2018
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
ဆွမ်းကျွေးအလှူကို အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးနဲ့ မိသားစုဝင်တွေ၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်းနဲ့ သူရဦးရွှေမန်း စသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ-Thant Zin Oo