Homeမွနျမာသတငျးအာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက် အခမဲ့ ကြည့်ရှုနိုင်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ အထူးအစီအစဉ်အနေနဲ့  ဗိုလ်ချုပ်ပြတိုက်ကို ဘယ်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်မှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကို အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။
ပြတိုက်အတွင်းမှာ ဗိုလ်ချုပ် သုံးစွဲခဲ့တဲ့ အသုံးအဆောင်၊ အ၀တ်အထည်၊ ပရိဘောဂ၊ ဓာတ်ပုံ၊ ဗိုလ်ချုပ် ဖတ်ရှုခဲ့တဲ့ စာအုပ်တွေနဲ့ ဗိုလ်ချုပ်စီးခဲ့တဲ့ မော်တော်ကား စတာတွေကို ကြည့်ရှုခွင့် ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစပြီး ဗိုလ်ချုပ်ပြတိုက်ကို တနင်္လာ၊ အင်္ဂါနဲ့ ပြန်တမ်းဝင် ရုံးပိတ်ရက်တွေမှအပ ကျန်တဲ့ရက်တွေမှာ နေ့စဉ် ဖွင့်လှစ်ပေးထားပြီး ၀င်ကြေးအဖြစ် လူကြီး ကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင်နဲ့ ကလေးတွေအတွက် ကျပ် ၁၀၀ သတ်မှတ်ထားပါတယ်။