အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယာဉ်အစီး ၄၀ အခမဲ့ပြေးဆွဲ
ပြည့်ဘုန်းအောင်
·
July 19, 2018
အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့လယ် ဆူးလေကနေ မြောက်ဥက္ကလာပကို ယာဉ်အစီး ၄၀ နဲ့ အခမဲ့ ပြေးဆွဲပေးနေပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်ပြည့် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အရင် အောင်မဟာယာဉ်လိုင်း မိသားစုတွေက စုပေါင်းပြီး အခမဲ့ ပြေးဆွဲပေးနေကာ ခရီးစဉ်လမ်းကြောင်းကတော့ ပန်းဆိုးတန်း-ဆူးလေကနေ မြောက်ဥက္ကလာပထိ မနက် ၇ နာရီကနေ ညနေ ၄ နာရီထိ ဖြစ်ပါတယ်။
ဆူးလေဘက်ကနေ ယာဉ်အစီး ၂၀၊ မြောက်ဥက္ကလာပဘက်ကနေ ယာဉ်အစီး ၂၀ နဲ့ စုစုပေါင်း အစီး ၄၀၊ ပြေးဆွဲနေတဲ့ ယာဉ်တွေကတော့ ခရီးသည် ၁၀ ယောက်စီး ယာဉ်အသေးတွေ ဖြစ်ပါတယ်။
ဖျက်သိမ်းခံထားရတဲ့ အရင် အောင်မဟာယာဉ်လိုင်း မိသားစုတွေအနေနဲ့ အခုလို အခမဲ့ ပြေးဆွဲပေးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း အခမဲ့ ပြေးဆွဲပေးခဲ့ပါတယ်။