A d v e r t i s e m e n t With Us

သီယာဂိုဆေးဗားကို ပီအက်စ်ဂျီက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

သီယာဂိုဆေးဗား
အေစီမီလန်အသင်းရဲ့ ဘရာဇီး နောက်တန်းကစားသမား သီယာဂို ဆေးဗားကို ပြင်သစ်ရဲ့ ထိပ်သီးကလပ် ပီအက်စ်ဂျီက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ [caption id="attachment_28060" align="alignleft" width="300" caption="သီယာဂိုဆေးဗား"][/caption] သီယာဂိုဆေးဗားကို ခေါ်ယူခဲ့မှုနဲ့ ပက်သက်ပြီး ပီအက်စ်ဂျီအသင်း ၀က်ဆိုက်မှာ ဇူလိုင် ၁၄ ရက်နေ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြောင်းရွှေ့ကြေးကို တရားဝင်ဖော်ပြတာ မရှိပေမယ့် မီဒီယာတွေကတော့ ပြောင်းရွှေ့ကြေးအနေနဲ့ ဒေါ်လာ ၄၈ သန်းကနေ ၅၅ သန်းလောက်အထိ ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းဖော်ပြနေကြပါတယ်။ အသက် ၂၇ နှစ်အရွယ် ဆေးဗားကို ခေါ်ယူမှုဟာ ပီအက်စ်ဂျီအတွက် ဒီရာသီထဲမှာ နာပိုလီတိုက်စစ်မှူး လာဗက်ဇီပြီးရင် ဒုတိယမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ကာတာစီးပွားရေးလုပ်ငန်းစုက ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ နာမည်ကြီး ကစားသမားတွေအတွက် ငွေပုံအော သုံးစွဲနေတာဖြစ်ပြီး လတ်တလောမှာလည်း မီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီ နောက်တန်းလူသစ် ဆေးဗားဟာ လောလောဆယ် ဘရာဇီးအသင်းနဲ့အတူ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ၀င်ဖို့အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up