DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းတွင် စိုက်ထားသည့် မြန်မာအလံ ပြန်ဖြုတ်ပေးမည်
DVB
·
July 17, 2012
ရေလယ်ကျွန်းတွင် စိုက်ထားသည့် မြန်မာအလံ ပြန်ဖြုတ်ပေးမည်
Donate to DVB

သောင်ရင်းမြစ်ပေါ်က နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေလယ်ကျွန်းမှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြုတ်ပေးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးမှာ မြန်မာဘက်က ကတိပေးလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပတိုက်နယ်က ရီးစော့(အပန်း​​ဖြေ​ရာ​နေ​ရာ)တခုမှာမှာ ပြုလုပ်တဲ့ ထိုင်း-မြန်မာနယ်ခြားကော်မတီအဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးပွဲမှာ အငြင်းပွားနေတဲ့ သောင်ရင်းမြစ်လယ်ကျွန်းပေါ်မှာ မြန်မာအလံ စိုက်ထူထားတာကို ရုပ်သိမ်းပေးမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့တာပါ။

[caption id="attachment_28054" align="alignleft" width="310" caption="ဗိုလ်မှူးကြီး​ အူရစ် နုကန်ဟင်နှင့်​​ ဗိုလ်မှူးဖြိုးဝေအောင်"][/caption]

တွေ့ဆုံပွဲကို ထိုင်း-မြန်မာ နယ်စပ်ကော်မီတီဥက္ကဋ္ဌ အမှတ် ၄ ခြေမြန်တပ်ရင်းမှူး ဗိုလ်မှူးကြီး အူရစ် နုကန်ဟင်အဖွဲ့နဲ့ မြန်မာဘက်က မြ၀တီမြို့နယ် အမှတ် ၂၇၅ ခြေလျင်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးဖြိုးဝေအောင်နဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဗိုလ်မှူးဖြိုးဝေအောင်က “ဒီနေ့ကတော့ ကျနော်တို့ နှစ်နိုင်ငံကြားက ရေလယ်ကျွန်း ပြဿနာတို့ဘာတို့ ဆွေးနွေးပါတယ်။ ဒီဆွေးနွေးရတဲ့အတွက်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိပြီး ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခွင့်အလမ်းကောင်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။”

၃ နာရီကြာ အစည်းအဝေးမှာ နှစ်ဖက်စလုံးက လက်ရှိ ဖြစ်ရှိနေတဲ့ ပြဿနာ အသီးသီးကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် သောင်ရင်းမြစ်ကြောင်း စတင်ပြောင်းလဲခဲ့ကတည်းက ဖြစ်ပွားလာတဲ့ နှစ်၂၀ ကြာ နယ်နိမိတ်ပြဿနာကို အခြေအတင်ဆွေးနွေးကြပါတယ်။

နောက်ဆုံးရလဒ်အဖြစ် ၂ လ တကြိမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆွေးနွေးကြဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းအဖြစ် စီးဆင်းနေတဲ့ သောင်ရင်းမြစ်ပေါ်က ရေလယ်ကျွန်းပေါ်မှာ ထောင်ထားတဲ့ မြန်မာအလံကို ပြန်ရုပ်ပေးမလို့ မြန်မာဘက်က ကတိပေးလိုက်တာ ဖြစ်ပါတယ်။

အကျယ်အ၀န်း ဧက ၁၀၀လောက်ရှိတဲ့ ကျွန်းပေါ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာအလံစိုက်ထူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013