ဦးသန့်ကြေးရုပ်တု ထုလုပ်ပြီးစီး
ရွှေအောင်
·
July 17, 2012
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကြေးရုပ်တု ရန်ကုန်မြို့မှာ ထုလုပ်ပြီးစီးသွားတာမို့ ဒီနေ့မှာ ရုပ်တုထားရှိမယ့် ပန်းတနော်မြို့ကို သယ်ယူခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
အမြင့် ၃ ပေရှိတဲ့ ဦးသန့်ကြေးရုပ်တုကို ငွေကျပ် သိန်း ၅၀ အကုန်အကျခံ ထုလုပ်ထားတာဖြစ်ပြီး၊ ပန်းတနော်သား ပန်းပုပညာရှင် ဦးသိန်းရွှေကြည်နဲ့ အဖွဲ့က ၅ လကြာ အချိန်ယူထုလုပ်ခဲ့တာ ဖြစ်တဲ့ အကြောင်း၊ ဦးသန့်စာကြည့်တိုက် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ဦးဆောင်နာယက ဆရာတော် အရှင်ကုမာရက ဒီဗွီဘီကို မိန့်ကြားပါတယ်။
ဒီရုပ်တုကို ဦးသန့်ရဲ့ မွေးရာဇာတိဖြစ်တဲ့ ပန်းတနော်မြို့က ဆောက်လုပ်နေဆဲ ဦးသန့်စာကြည့်တိုက်မှာ ထားရှိသွားမှာ ဖြစ်ပါတယ်။
ပန်းတနော်မြို့မှာ ဆောက်လုပ်နေတဲ့ ဦးသန့်ပြတိုက်နဲ့ စာကြည့်တိုက်ဆောက်လုပ်ရေးအတွက် ရန်ပုံငွေ လိုအပ်နေတာကြောင့် ပြည်တွင်းပြည်ပက အလှူရှင်များကို ဖိတ်ခေါ်ထားပါတယ်။ လှူဒါန်းလိုသူတွေအနေနဲ့ ပန်းတနော် မြတောင်ကျောင်းတိုက် ဆရာတော် ဦးကုမာရ _ ဖုန်း၀၉- ၄၉ ၇၂၀ ၃၁၆ ကို ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။