Home
မြန်မာသတင်း
တရားစီရင်ရေး မှန်ကန်​ မြန်​ဆန်​ရန် မှုခင်းစီမံခန့်​ခွဲမှုစနစ်​ ကျင့်သုံးမည်
DVB
·
July 18, 2018
မှုခင်းစီမံခန့်​ခွဲမှုစနစ်သစ်ကို အများပြည်သူတွေ ကျယ်​ကျယ်​ပြန့်​ပြန့်​ သိ​အောင်​ ရှမ်းပြည်နယ်၊ ​တောင်​ကြီးမြို့ မြို့​တော်​ခန်းမမှာ ဇူလိုင်​ ၁၆ ရက်​​က  တရားရေးဌာန တာဝန်ရှိ သူတွေက မိတ်ဆက် ရှင်းလင်းပွဲပြုလုပ်​ပါတယ်​။ တရားစီရင်​​ရေးမှာ အချိန်​ကြန့်​ကြာမှု​တွေ​ကြောင့် ပြည်​သူ​တွေ အယုံအကြည်​နည်းတဲ့ စနစ်​ကို ​ပြောင်းလဲဖို့ မှုခင်းစီမံခန့်​ခွဲမှုစနစ်​နဲ့ ကျင့်သုံးသွားမယ်​လို့ ရှမ်းပြည်​နယ်​ တရားသူကြီးချုပ်​ ဦးကြွယ်ကြွယ်က  ​ ပြောပါတယ်​။ “မှုခင်းစီမံခန့်​ခွဲမှု အစီအစဉ်ဟာ တရားစီရင်​​ရေး ရှည်​ကြာ​နေတဲ့ အမှု​တွေ ​လျော့နည်း​စေပြီး တိုင်​ပင်​ညှိနှိုင်းမှု​တွေ ပါသလို မှုခင်းအလိုက်​ ရိုးရိုး၊ ရှုပ်​​ထွေးမှု စသဖြင့် ခွဲပြီး အချိန်​သတ်​မှတ်​ထားတာပါ။” ပြည်​​ထောင်​စု တရားလွှတ်​​တော်​ချုပ်​ လက်​​ထောက်​ညွန်​ကြား​ရေးမှူး ဦးဝင်းအောင်က “ယခင် ​တရားစီရင်​မှု​တွေမှာ သက်​​သေခံ​တွေ မလာလို့ ကြန့်​ကြာတာမျိုး၊ တရားလိုဘက်​က မလာလို့ ကြန့်​ကြာတာမျိုး​တွေကိုလည်း ဒီစနစ်​ဟာ ​ဖြေရှင်း​ပေးနိုင်​မယ်​လို့ ယုံကြည်​ကြတာပါ” လို့ ပြောပါတယ်။ ပြည်​နယ်​ တရားဦးစီးမှူး ဒေါ်စန္ဒာ​အောင်က “တရားစီရင်​​ရေး မှန်​မှန်​ကန်​ကန်​ မြန်​မြန်​ဆန်​ဆန်​ ဖြစ်​ဖို့ တရား​ရေးဌာနတခုတည်း လုပ်​လို့မရတဲ့အတွက်​ ပြည်​သူ​တွေ၊ ဌာနဆိုင်​ရာတွေ ပူး​ပေါင်းဖို့ လိုအပ်​တယ်” ​လို့ ပြောပါတယ်​။ ရှင်းလင်းပွဲကို ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့၊ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့ တရားလွှတ်​​တော်​​ ရှေ့​နေ​တွေ တက်ရောက်ခဲ့ပြီး လုပ်​ထုံးလုပ်​နည်း​တွေကို ကျယ်​ကျယ်​ပြန့်​ပြန့် သိ​အောင်​ ရှင်းလင်းခဲ့ပါတယ်။ မှုခင်းစီမံခန့်​ခွဲမှုအစီအစဉ်ကို သြဂုတ်​လ ၂၀၁၈ မှာ စတင်​အသုံးပြုသွားမယ်​လို့ သိရပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024