Home
မြန်မာသတင်း
မလိုချင်သည့် SMS မက်ဆေ့ခ်ျများကို ပယ်ဖျက်နိုင်ပြီ
DVB
·
July 17, 2018
37267928_10214864040967942_4183881952618610688_n
တယ်လီဖုန်း ဆက်သွယ်ရေးအော်ပရေတာတွေထံက အဆက်မပြတ်ပေးပို့ ကြော်ငြာနေတဲ့ SMS မက်ဆေ့ဂ်ျတွေကို  မလိုချင်ဘူးဆိုရင် ပယ်ဖျက်နိုင်ပြီလို့ စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာပါတယ်။ အသုံးမပြုချင်တဲ့ မက်ဆေ့ခ်ျတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ညှိနှိုင်းခဲ့ပြီးနောက်မှာ အခုလို ပယ်ဖျက်နိုင်ပြီလို့ ကြေညာတာပါ။ အမ်ပီတီဖုန်းတွေမှာ *2007# ကိုနှိပ်ပြီး Option ကိုရွေးကာ ပယ်ဖျက်နိုင်ပါတယ်။ တယ်လီနော ဖုန်းတွေမှာ DNDON လို့ ရေးပြီး 500 ကို SMS ပို့ပြီးပယ်ဖျက်နိုင်ပါတယ်။ အော်ရီဒူး ဖုန်းတွေမှာတော့ DNDON လို့ ရေးပြီး 5059 ကို SMS ပို့ပြီး ပယ်ဖျက်နိုင်ပါတယ်။ ဒီအတွက် စာတိုပို့ခ ပေးစရာမလိုဘူးလို့လည်း စားသုံးသူရေးရာ ဦးစီးဌာနက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024