DVB Logo
Home
မြန်မာသတင်း
RCSS/SSA နှင့် TNLA နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်၊ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ
DVB
·
July 17, 2018
RCSS/SSA နှင့် TNLA နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်၊ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ
1 / 7
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဇူလိုင် ၁၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့တာကြောင့် ရွာပေါင်း ၆ ရွာက ပြည်သူလူထု ၁၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင် နေရပါတယ်။

စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ နောင်ငင်း၊ နားဟုတ်၊ မန်မိုင်၊ ဆန်ခါ၊ ကောင်းဟုန်း၊ လုံမိတ်၊ မိုင်းမုကျေးရွာတွေဖြစ်ပါတယ်။

စစ်ဘေးရှောင်လာသူ စိုင်းထွန်းလှိုင်က "မနေ့ မနက်ပိုင်း တောင်ယာသွားချိန် ၈ နာရီ လောက်က မိုင်းမုကျေးရွာအရှေ့ဘက်မှာ သေနတ်သံတွေကြားရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တရွာလုံး မန်စံရွာဘက်ကို တိမ်းရှောင်လာတာပါ။ မွန်းလွဲ ၁ နာရီကနေ ညမိုးချုပ်ထိလည်း ကျနော်တို့ ရောက်နေတဲ့ မန်စံရွာကနေ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရပါတယ်" လို့ ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူတွေဟာ နမ္မတူမြို့နယ်၊ မန်စံကျေးရွာက မူလ မင်းကွန်း ဇေတဝန်ကျောင်းတိုက်၊ ပန်လုံကျေးရွာ မြောက်ကျောင်းတိုက်၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာက တာဟေးခမ်းကျောင်းတိုက်တွေမှာ ခိုလှုံနေကြရပါတယ်။

ဓာတ်ပုံ-ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013