DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးများဖြင့် မဲဆောက်တွင် ဖမ်းမိ
DVB
·
July 17, 2012
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးများဖြင့် မဲဆောက်တွင် ဖမ်းမိ
Donate to DVB

ဘတ်ငွေ ၈ သန်းကျော် (မြန်မာငွေကျပ် သန်း ၂၀၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးသယ်ဆောင်လာသူ ရွှေကုက္ကိုလ်ရွာ အခြေစိုက် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးနဲ့ ထိုင်းလူမျိုးတဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့က မဲဆောက် ရဲတပ်ဖွဲ့နဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ယာဘ စိတ်ကြွဆေး ဘတ်ငွေ ၈ သန်းကျော်ဖိုးကို မြန်မာဘက်ကမ်း ရွှေကုက္ကိုရွာကနေ လှည့်စားဝယ်ယူပြီး ဖမ်းဆီးခဲ့တာလို့ မဲဆောက်ရဲမှူး အေကရာ့အင်တစစ်က ပြောပါတယ်။

[caption id="attachment_28035" align="alignleft" width="300" caption="နိုင်စူရဒေ့စီလာ့နှင့် ကိုနိုင်ဝင်း"][/caption]

ယာဘ လာပို့သူတွေကတော့ မယ့်ကျရောင်းရွာသား ထိုင်းလူမျိုး နိုင်စူရဒေ့စီလာ့ အသက် ၄၂ နှစ်နဲ့ နိုင်ဝင်း အသက် ၃၃ နှစ်တို့ ဖြစ်တယ်။ နိုင်ဝင်းက ကုက္ကိုရွာက ကရင်နယ်ခြားစောင့်တပ် အမှတ် ၃ တပ်သားဖြစ်ကြောင်း ထိုင်းရဲကို ၀န်ခံချက်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီတပ်နဲ့ အဲဒီနယ်မြေဟာ ဗိုလ်စောချစ်သူ ဦးဆောင် အုပ်ချုပ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

သူတို့ ၂ ဦးနဲ့အတူ အဖက်တမင်း စိတ်ကြွဆေး ၂ သောင်းနီးပါး ပါတဲ့ ခဲငွေရောင် ပစ်ကတ်ကား ဘန်ကောက်လိုင်စင် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ယာဘထည့်တဲ့ အပြာရောင် အိတ်တလုံးနဲ့ ဘတ်ငွေ ၈ သန်း ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲမှူးက ပြောပါတယ်။

“ဒါဟာ ခဏခဏ ဖမ်းမိတဲ့ အမှုမျိုးမဟုတ်ဘူး။ အစိုးရငွေဘတ် ၈၂၅၀၀၀ နဲ့ လိမ်ပြီးဝယ်တော့ ယာဘ ၁၉၈၅၀ ဖမ်းဆီးရမိတယ်။ နယ်စပ်ကနေ ယာဘတွေ ၀င်လာတာ တော်တော်များတယ်။ ကျနော်တို့ကလည်း အခုလို စစ်ဆေးအရေးယူ ဖမ်းဆီးတာပါပဲ။ ဒီတကြိမ်ကတော့ အတော်လေး ကြီးကျယ်တယ်။ ပုံမှန်ဖမ်းမိတာတွေက တော်တော်လေး နည်းပါတယ်။”

အဖမ်းခံရသူက ယာဘတွေကို ကုက္ကိုလ်ရွာနေ ကရင်သူဌေး တဦးဆီက ၀ယ်လာကြောင်း၊ ပထမဆုံးအကြိမ် လုပ်တာဖြစ်ကြောင်း ၀န်ခံခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး မြန်မာအစိုးရနဲ့  ဇူလိုင် ၁၇ ရက်နေ့မှာလုပ်မယ့် ထိုင်း-မြန်မာနယ်စပ် ကော်မတီ အစည်းအဝေးမှာ တင်သွင်းပြောဆိုမယ်လို့ မဲဆောက် ရဲမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013