DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့်​ ဒီမိုက​ရေစီ ၁၀ ပါတီ ​နေပြည်​တော်တွင် ​တွေ့​မည်
DVB
·
July 16, 2012
သမ္မတနှင့်​ ဒီမိုက​ရေစီ ၁၀ ပါတီ ​နေပြည်​တော်တွင် ​တွေ့​မည်
Donate to DVB

ဒီမိုက​ရေစီ ၁၀ ပါတီနဲ့​ သမ္မတတို့​ အခုရက်ပိုင်း​အတွင်း​ ​တွေ့​ဖို့​ရှိပြီး​ အခုလို ​တွေ့​ဆုံမှုက​နေ အစိုး​ရနဲ့​ပါတီ​တွေကြား​ နား​လည်မှု ပိုရလာမယ်လို့​ ​မျှော်လင့်​နေကြပါတယ်။

[caption id="attachment_28012" align="alignleft" width="300" caption="ဦးသိန်းစိန်"][/caption]နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်နဲ့​ ဒီမိုက​ရေစီ ၁၀ ပါတီ​ခေါင်း​ဆောင်​တွေ လာမယ့်​ ဇူလိုင်လ ၁၈ ရက်​နေ့​၊​ ​နေပြည်​တော်မှာ ​တွေ့​ဆုံကြဖို့​ ရှိတယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီက ​ပြောခွင့်​ရ ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

သမ္မတနဲ့​ ​တွေ့​တဲ့​အခါ ဘယ်လိုအ​ကြောင်း​အရာ​တွေ တင်ပြကြမယ်ဆိုတာကို ၁၀ ပါတီ​ခေါင်း​ဆောင်​တွေ မနက်ဖြန်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ကြဖို့​ရှိပြီး​ ​ယေဘုယျ ​ဆွေး​နွေး​ဖို့​ ရှိတာ​တွေကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦး​သု​ဝေက ခုလို ​ပြောပြပါတယ်။

“ကျ​နော်တို့​ ​ခေါင်း​ဆောင်တမျိုး​စီ စုံစုံလင်လင်​လေး​ ဖြစ်​အောင် တပါတီကို ​ခေါင်း​စဉ်တခု ​ပြောကြရ​အောင် ဆိုပြီး​ ပြင်ဆင်ထား​ပါတယ်။ အ​ကြောင်း​အရာ​တွေ ထဲမှာ ​ရွေး​ကောက်ပွဲ စနစ်အ​ပြောင်း​အလဲလုပ်ဖို့​လည်း​ ပါတယ်​ပေါ့​ဗျာ။ အလုပ်သမား​ကိစ္စတို့​၊​ ​တောင်သူလယ်သမား​ ကိစ္စတို့​လည်း​ပဲ ပါတယ်။ နိုင်ငံတကာက နိုင်ငံသား​တွေ ပြန်လာတဲ့​အခါ အခက်အခဲ​တွေ ရှိတဲ့​အခါ ဘယ်လို​ဘောထား​မျိုး​တွေလည်း​ ဆိုတာလည်း​ ပါမှာ​ပေါ့​ဗျာ။”

ဦး​သိန်း​စိန် သမ္မတ တာဝန်ယူပြီး​ကတည်း​က အခုဒီမိုက​ရေစီပါတီ​တွေနဲ့​ ​တွေ့​ဆုံမယ်ဆိုတာဟာ ပထမအကြိမ် ဖြစ်ပါတယ်။

သမ္မတနဲ့​ အခုမှ ​တွေ့​ဆုံ​ဆွေး​နွေး​ကြမှာ ဖြစ်​ပေမယ့်​ ဒီမိုက​ရေစီပါတီ​တွေ အ​နေနဲ့​ သမ္မတနဲ့​အစိုး​ရကို အမြဲ အ​ကောင်း​မြင် ​ထောက်ပြ​နေတာပါလို့​ ရှမ်း​တိုင်း​ရင်း​သား​ဒီမိုကရက်ပါတီက ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

“ကျ​နော် မိတ်​ဆွေ ၁၀ ပါတီအ​နေနဲ့​ နိုင်ငံ​တော် လက်ရှိ အစိုး​ရကို​ရော၊​ လွှတ်​တော်ကို​ရော၊​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို​ရော၊​ ဝန်ကြီး​ဌာန​တွေကို​ရော အတတ်နိုင်ဆုံး​ အပြုသ​ဘောနဲ့​ အကြံပြုထား​တာ ရှိပါတယ်။ ​တော်​တော်များ​များ​လည်း​ ကျ​နော်တို့​ အကြံပြုတဲ့​အတိုင်း​ ဖြစ်လာတာကို ​တွေ့​ရတယ်။ သမ္မတနဲ့​ အစိုး​ရအဖွဲ့​ဟာ မိတ်​ဆွေ ၁၀ ပါတီရဲ့​ သ​ဘောထား​တွေကို အမြဲတမ်း​ သုံး​သပ်​လေ့​လာ​စောင့်​ကြည့်​နေတယ်လို့​ ကျ​နော်တို့​ သိရတယ်​လေ။ ကျ​နော်တို့​ကလည်း​ အမြဲတမ်း​ အပြုသ​ဘောကို ​ထောက်ပြ​တော့​ သမ္မတကြီး​ အ​နေနဲ့​ ပိုပြီး​တော့​ ကျ​နော်တို့​ မိတ်​ဆွေ ၁၀ ပါတီအ​ပေါ်မှာ သ​ဘောထား​ကောင်း​ ရှိတယ်လို့​ ယူဆတဲ့​အတွက် ​တွေ့​ဆုံခြင်း​ ဖြစ်တယ်လို့​ ကျ​နော်​တော့​ ဒီလိုပဲ ယူဆပါတယ်။”

သမ္မတနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ဒီမိုက​ရေစီ ၁၀ ပါတီက ​ခေါင်း​ဆောင် ၁၂ ဦး​လောက် တက်​ရောက်ဖို့​ရှိပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ ပါတီ ၁၀ ခုဟာ ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီအဖြစ် စုစည်း​ထား​ပြီး​၊​ အဲ့​ဒီမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု(အန်ဒီအက်ဖ်)၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ၊​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ၊​ ဖလုံ-စ​ဝေါ်ဒီမိုကရက်တစ်ပါတီ၊​ ချင်း​အမျိုး​သား​ပါတီ၊​ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊​ ဒီမိုက​ရေစီနှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီ၊​ ပြည်​ထောင်စု ဒီမိုက​ရေစီပါတီ၊​ ညီညွတ်​ရေး​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီတို့​ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013