ဒုတိယသမ္မတ ရာထူး​အတွက် အမည်စာရင်း​ မသိရ​သေး

ဦး​​ဌေး​ဦး
လစ်လပ်​နေတဲ့​ ဒုသမ္မတရာထူး​အတွက် စိစစ်​ရွေး​ချယ်ရမယ့်​ ဒုသမ္မတ​လောင်း​အမည်ကို ခုချိန်ထိ မသိရ​သေး​ဘူး​လို့​ ပြည်သူ့​လွှတ်​တော် သမ္မတ၊​ ဒုတိယသမ္မတ စိစစ်​ရေး​ကော်မတီဝင် ဦး​ဌေး​ဦး​က ဒီဗွီဘီကို ​ပြောပါတယ်။ ပြည်​ထောင်စုလွှတ်​တော် နာယက ဦး​ခင်​အောင်မြင့်​က​တော့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေအရ ဇူလိုင် ၁၀ ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​ ဒုသမ္မတ​လောင်း​ အမည်စာရင်း​တင်သွင်း​ဖို့​ ပြီး​ခဲ့​တဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ တရား​ဝင် ​ပြောကြား​ခဲ့​ပေမယ် အခုချိန်အထိ ဒုတိယ သမ္မတအမည်စာရင်း​ မတင်သွင်း​ရ​သေး​တာနဲ့​ ပတ်သက်ပြီး​ စိစစ်​ရေး​ကော်မတီဝင် ပြည်​ထောင်စုကြံခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဌေး​ဦး​ကို ကိုမင်း​လွင်က ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up