DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​အခွင့်​အ​ရေး​ ကာကွယ်​စောင့်​ရှောက်သည့်​ ဥပ​ဒေ ​ဆွေး​နွေး​မည်
DVB
·
July 16, 2012
တိုင်း​ရင်း​သား​အခွင့်​အ​ရေး​ ကာကွယ်​စောင့်​ရှောက်သည့်​ ဥပ​ဒေ ​ဆွေး​နွေး​မည်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ အခွင့်​အ​ရေး​တွေကို ကာကွယ် ​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က လွှတ်​တော်မှာ ​ဆွေး​နွေး​ပေး​ဖို့​ရှိ​နေပါတယ်။

တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​ကို ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ကွတ်ခိုင်မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​တီခွန်မြတ်က လွှတ်​တော်တွင်း​ အဆို တင်သွင်း​ခဲ့​ပါတယ်။

ဒီအဆိုတင်သွင်း​ချက်နဲ့​ ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ဆွေး​နွေး​ပေး​ဖို့​ ​တောင်း​ဆိုရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒီကိစ္စ ၁၉၉၀ အနိုင်ရ တိုင်း​ရင်း​သား​ပါတီရဲ့​ သ​ဘောထား​ကို သိလိုတဲ့​အတွက် ဒီအဆိုတင်သွင်း​ချက်နဲ့​ ပတ်သက်ပြီး​ လွှတ်​တော်ပြင်ပက တိုင်း​ရင်း​သား​ပါတီ​တွေကို မ​နေ့​က ရန်ကုန်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

ဒီ​တွေ့​ဆုံမှုက​နေ တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ အခွင့်​အ​ရေး​ဆိုင်ရာ ပြဿနာဟာ အ​ခြေခံဥပ​ဒေဆိုင်ရာ ပုံစံမကျမှု​ကြောင့်​ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥ​ပေဒကို ပြင်ဆင်နိုင်မှာသာ ပြဿနာ​ဖြေရှင်း​ရာ ​ရောက်မယ်လို့​ ဆုံး​ဖြတ်ခဲ့​တယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

“​ဆွေး​နွေး​ဖြစ်တာက​တော့​ အဲဒီအဆိုနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​နေနဲ့​ ဝင်​ရောက်​ဆွေး​နွေး​မယ်ဆိုရင် သူက ကျ​နော်တို့​ရဲ့​ သ​ဘောထား​ကို သိချင်တယ်​လေ။ ကျ​နော်တို့​အား​လုံရဲ့​ သ​ဘောတူညီအရ ဆုံး​ဖြတ်လိုက်တာက​တော့​ တိုင်း​ရင်း​သား​လူမျိုး​တွေရဲ့​ အခွင့်​အ​ရေး​ဆိုင်ရာ အရင်း​အမြစ်ဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပုံစံမကျမှု​ပေါ်မှာ မူတည်တယ်။ ဒါ​ကြောင့်​မို့​ ၂၀၀၈ အ​ခြေခံဥ​ပေဒကို ပြုပြင်လိုက်ခြင်း​ကသာလျှင် ပြဿနာအရပ်ရပ်ကို ​ဖြေရှင်း​ရာ ​ရောက်မယ်လို့​ အား​လုံး​သ​ဘောတူ ဆုံး​ဖြတ်လိုက်ကြတာ​လေ။ အဲဒီ ဆုံး​ဖြတ်ချက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ပေး​ပို့​လိုက်ပါပြီ။”

ဒီ​တွေ့​ဆုံပွဲမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​လူမျိုး​စုပါတီ ၁၂ ခုနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ စည်း​လုံး​ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ မဟာမိတ်အဖွဲ့​ (ယူအန်​အေ) ဝင်​တွေဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ရခိုင် ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ မွန်ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ဇိုမီး​ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ကရင်အမျိုး​သား​ ဒီမိုက​ရေစီကွန်ဂရက်၊​ ကချင်ပြည်နယ် အမျိုး​သား​ ဒီမိုက​ရေစီကွန်ဂရက်နဲ့​ ချင်း​တိုး​တက်​ရေး​ပါတီက တာဝန်ရှိသူ​တွေ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​နဲ့​ ပတ်သက်တဲ့​ ​ဆွေး​နွေး​ချက်ကို​တော့​ ၁၇ ရက်နဲ့​ ၁၈ ရက်​တွေမှာ လွှတ်​တော်​တွေင်း​ ​ဆွေး​နွေး​ဖို့​ ရှိတယ်လို့​ ​ပြောပါတယ်။

တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာကို ​ဆွေး​နွေး​ရာမှာ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ဆန္ဒကို ကိုယ်စား​ပြုဖို့​ လိုအပ်တယ်လို့​လည်း​ ဦး​စိုင်း​လိတ်က သုံး​သပ်ပါတယ်။

“လွှတ်​တော်ထဲမှာက ကြံ့​ခိုင်​ရေး​ပါတီက အင်အား​ကြီး​ဆုံး​ ဖြစ်​နေတယ်​လေ။ ဒါ​ကြောင့်​မို့​လို့​ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဆုံး​ဖြတ်ချက်ကသာလျှင် အတိဖြစ်သွား​မယ်လို့​ ပြန်ပြီး​ သုံး​သပ်လို့​ရပါတယ်။ ဒါ​ပေမယ့်​ ဘယ်လိုပဲ အ​ဖြေထွက်လာလာ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ ဆန္ဒကို ကိုယ်စား​မပြုနိုင်ရင်​တော့​ ​ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး​လို့​ ကျ​နော်သုံး​သပ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013