DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ဝန်ကြီး​များ​ကို ကက်ဘိနက်ထဲ ထည့်​ရေး​အဆို ပလပ်ခံရ
DVB
·
July 16, 2012
တိုင်း​ရင်း​သား​ဝန်ကြီး​များ​ကို ကက်ဘိနက်ထဲ ထည့်​ရေး​အဆို ပလပ်ခံရ
Donate to DVB

တိုင်း​ရင်း​သား​ လူမျိုး​ရေး​ရာဝန်ကြီး​တွေနဲ့​ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ​ဒေသဦး​စီး​အဖွဲ့​ ဥက္ကဋ္ဌများ​အား​ တိုင်း​ဒေသကြီး​ (သို့​မဟုတ်) ပြည်နယ်အစိုး​ရအဖွဲ့​ အဖွဲ့​ဝင်အဖြစ် ထည့်​သွင်း​ဖွဲ့​စည်း​ပေး​ဖို့​ အမျိုး​သား​လွှတ်​တော်မှာ ဇူလိုင် ၁၃ ရက်​နေ့​က အဆိုတင်သွင်း​ရာမှာ အတည်မပြုနိုင်​ကြောင်း​ ဆုံး​ဖြတ်ခဲ့​ပါတယ်။

တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေကို ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေခုံရုံး​က ကျန်ပြည်နယ်နဲ့​ တိုင်း​အစိုး​ရအဖွဲ့​က ဝန်ကြီး​တွေလို ကက်ဘိနက်အစိုး​ရအဖွဲ့​ဝင်အဖြစ် ထည့်​သွင်း​ဖွဲ့​စည်း​ပေး​ဖို့​ အမျိုး​သား​လွှတ်​တော်မှာ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီရဲ့​ အမျိုး​သား​လွှတ်​တော်အမတ် ​ဒေါက်တာ​အေး​မောင်က တင် သွင်း​ခဲ့​တာကို ​ဆွေး​နွေး​ပြီး​ ဒု- ​ရှေ့​နေချုပ် ဦး​ထွန်း​ထွန်း​ဦး​က အတည်မပြုဖို့​ ဆုံး​ဖြတ်ခဲ့​တာဖြစ်ပါတယ်။

ဒီဆုံး​ဖြတ်ချက်အ​ပေါ် ​ဒေါက်တာ​အေး​မောင်က “ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​မ​လျော်ညီဘူး​ဆိုရင် ဦး​ထွန်း​ထွန်း​ဦး​တို့​ပါတဲ့​ ​ရှေ့​နေချုပ်ရုံး​ဆိုတာက အစိုး​ရအဖွဲ့​ရဲ့​ အတွင်း​ရေး​မှူး​ဗျ။ သူတို့​ကပဲ စိစစ်​ပေး​ရမှာ။ မညီဘူး​လို့​ ထင်တဲ့​ဟာ​တွေ ကျ​နော်တို့​က ​ထောက်ပြတဲ့​ဟာ​တွေ၊​ ဖွဲ့​စည်း​ပုံအ​ခြေခံခုံရုံး​က ​ထောက်ပြတဲ့​ဟာ​တွေကို ညီ​အောင် လုပ်ရမယ့်​တာဝန်ဟာ ဦး​ထွန်း​ထွန်း​ဦး​တို့​ပါတဲ့​ ​ရှေ့​နေချုပ်ရုံး​ရဲ့​ တာဝန်ဗျ။ သူ့​တာဝန်ကို သူ​ကျေ​အောင်လုပ်ပြီး​မှ ​လျော်ညီ​အောင် လုပ်ပြီး​ ကျ​နော်တို့​ လွှတ်​တော်ကို တင်ရမယ့်​တာဝန် အစိုး​ရအဖွဲ့​မှာလည်း​ ရှိပါတယ်။ ​လော​လောဆယ် အဲဒီပုဒ်မ​ပေါင်း​ များ​စွာကို ​စောင့်​ရှောက်ရမယ့်​ တာဝန်က ခုံရုံး​မှာ ရှိပါတယ်။ ခုံရုံး​ရဲ့​ ဆုံး​ဖြတ်ချက်ကိုသာ ​လေး​စား​လိုက်နာရမယ်ဆိုရင် ကျ​နော်တို့​တိုင်း​ရင်း​သား​ရေး​ရာကဏ္ဍဟာလည်း​ ပြန်ပြီး​ ​ကော်မရှင်ဖွဲ့​ပါ။ ​ကော်မတီဖွဲ့​ပါ” လို့​ ​ပြောပါတယ်။

ဒီမတိုင်ခင်ကာလတုန်း​က တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေကို ကျန်ဝန်ကြီး​တွေလို အ​ဆောင်အ​ယောင်​တွေရဖို့​ တင်ပြချက်ကိုလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​က အပြီး​သတ် ဆုံး​ဖြတ်ပြီး​ကာမှ အစိုး​ရက ဥပ​ဒေနဲ့​မညီ ဝင်​ရောက်စွက်ဖက်ဖူး​တဲ့​ သာဓကရှိခဲ့​ဖူး​ပါတယ်။

ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ အ​ဆောင်အ​ယောင်ခံစား​ခွင့်​ရှိ​စေလို့​ ပြန်လည် ဆုံး​ဖြတ်​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တကယ်လက်​တွေ့​မှာ​တော့​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေ မခံစား​ကြရ​သေး​ပါဘူး​။

အခုတခါ ကက်ဘိနက်ထဲမှာ ထည့်​ပေး​ဖို့​ ​တောင်း​ဆိုချက်ကို​တော့​ ပလပ်ခံရပြီး​ ပြည်​ထောင်စုလွှတ်​တော်မှာ ကြိုး​ပမ်း​ဖို့​ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌက ​ပြောခဲ့​တာပါ။

၂၀၀၈ ခုနှစ်ဖွဲ့​စည်း​ပုံပါ အချက်​တွေကို​တောင် မရဘူး​ဆိုရင် ​ရေး​မထား​တဲ့​ အခွင့်​အ​ရေး​တွေအတွက် ခက်ခဲစွာရုန်း​ကန်ရလိမ့်​ဦး​မယ်လို့​ ​ဒေါက်တာ​အေး​မောင်က သုံး​သပ်သွား​ပါတယ်။

“၂၀၀၈ ဖွဲ့​စည်း​ပုံမှာ ပါတဲ့​ ပုဒ်မတခုချင်း​ကို နိုင်ငံသား​တွေ အဖွဲ့​အစည်း​တွေ၊​ တိုင်း​ရင်း​သား​တွေ မရဘူး​ဆိုရင် စာနဲ့​ရေး​မပြထား​ဘဲနဲ့​ ရသင့်​တဲ့​အခွင့်​အ​ရေး​တွေကို ကျ​နော်တို့​ ဘယ်လိုလုပ် ​တောင်း​မလဲ။ ​ပေး​အောင်၊​ ရ​အောင် မလုပ်နိုင်ဘူး​ဆိုရင် ၂၀၀၈ ဖွဲ့​စည်း​ပုံမှာ မပါတဲ့​ တိုင်း​ရင်း​သား​ဒေသတွင်း​ ရပိုင်ခွင့်​ကို ကျ​နော်တို့​တောင်း​တယ်​လေ။ ဖွဲ့​စည်း​ပုံမှာ နည်း​နည်း​လေး​ပဲ ​ပေး​ထား​တယ်။ ဒီထက်မက ​ပေး​ပါ။ ဇယား​ ၂ နဲ့​ ကျ​နော်တို့​ဒေသဖွံ့​ဖြိုး​အောင် မလုံ​လောက်ဘူး​။ ဇယား​ ၂ နဲ့​ တိုင်း​ဒေသကြီး​ အ​ခြေအ​နေ ဥပ​ဒေ လုပ်ပိုင်ခွင့်​ အင်မတန် ကျဉ်း​မြောင်း​တယ်။ အဲဒါ​ကြောင့်​ ပြည်​ထောင်စုစစ်စစ် ဖြစ်​အောင်လုပ်ပါ။ ဥပမာ ဇယား​ ၁ အရ ပြည်​ထောင်စုအစိုး​ရရဲ့​ ဥပ​ဒေပြုပိုင်ခွင့်​ကို ​လျှော့​ပါ။ ပြည်နယ်တိုင်း​ဒေသကြီး​ရဲ့​ ဥပ​ဒေပြုပိုင်ခွင့်​ ဇယား​ ၂ ကို စစ်ပါလို့​ ကျ​နော်တို့​ ​ပြောကြဆိုကြတာ​ပေါ့​ဗျာ။ ဒါလည်း​ မလုပ်ဘူး​။ ဆိုတဲ့​အခါကျ​တော့​ ကျ​နော်တို့​က ဘယ်သူ့​ကို ယုံရမလဲ။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ဒီအတိုင်း​ထား​ပြီး​ လက်​တွေ့​ အ​ကောင်အထည်မ​ဖော်ဘူး​ဆိုရင် ဘယ်သူ့​မှာ တာဝန်ရှိသလဲ။”

တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ကိစ္စ အပါအဝင် တိုင်း​နဲ့​ ပြည်နယ်​တွေရဲ့​ အ​ရေး​ကိစ္စ​တွေဟာ လာမယ့်​ညီလာခံ ပုံမှန်အစည်း​အ​ဝေး​တွေမှာလည်း​ တင်ပြ​ဆွေး​နွေး​ကြရလိမ့်​မယ်လို့​ သူက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013