Home
မြန်မာသတင်း
ဂျပန်လုပ်ငန်းရှင်များက မြန်မာ့ချည်ထည်များ ဝယ်ယူရန် ကမ်းလှမ်းနေ
DVB
·
July 13, 2018
Myanma Cotton 2
Myanma Cotton
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ထွက်ရှိတဲ့ ချည်ထည်တွေကို ဂျပန်နိုင်ငံက လုပ်ငန်းရှင်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့အတွက် ချည်ထည်ဈေးကွက် ပိုမိုအားကောင်းလာနိုင်ပါတယ်။ ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နီလာက “ဂျပန်ဝန်ကြီးချုပ် ကတော် မဒမ်အာခိအဲအာဘေးနဲ့ ဂျပန်ပြည်သူတွေ လာရောက်ပြီး ပြခန်းတွေကို လိုက်ကြည့်ရှုပြီး ဝယ်ယူ အားပေးသွားတယ်။ ချည်ထည်တွေကို ဂျပန်ဈေးကွက်မှာ တဆင့် ပြန်ရောင်းချင်တဲ့သူတွေက နှစ်သက် တန်ဖိုးထားကြတဲ့အတွက် အပြန်ကို လေဆိပ်ထိ လိုက်ပြီး မှာယူကြတယ်။ လုပ်ငန်းရှင်တချို့ကလည်း အမြဲတမ်း ပေးပို့ဖို့ ကမ်းလှမ်းတယ်။ မြန်မာပြည်ဈေးကွက်နဲ့ ယှဉ်ရင် နှစ်ဆ ဈေးပိုရတဲ့ အခြေအနေမှာ ရှိပြီးတော့ လုံချည်ချုပ်ပြီး ပတ်ထဘီတွေ၊ ကူရှင်ကာဘာ၊ အိတ်၊ စားပွဲခင်းနဲ့ ချည်ထည်အလွတ်တွေကို ဂျပန်ဈေးကွက်က ဝယ်ယူ အားပေးကြတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) ဒုညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက “အခုလို ပခုက္ကူချည်ထည်တွေကို ပြည်ပဈေးကွက်ကို ပိုမိုတင်ပို့ရောင်းချလာတာနဲ့အမျှ အဲဒီဒေသမှာရှိတဲ့ ဝါစိုက်တောင်သူတွေ၊ ချည်မျှင် ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံး ပိုပြီးတော့ အဆင်ပြေလာနိုင်တယ်လို့"  ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ဇွန်လကုန်က နှစ်ရက်တာ ကျင်းပခဲ့တဲ့ မြန်မာပွဲတော်မှာ ပြခန်းတွေဖွင့်ပြီး ချည်ထည်တွေကို ခင်းကျင်းပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024