ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေထဲက ခပ်မိုက်မိုက် ဝတ်စားထားတဲ့ မိန်းကလေးတွေကို ကင်မရာတွေကနေ အနီးကပ် သေချာရိုက်ပြတာတွေ ရပ်တန့်ဖို့ ဖီဖာက သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ဖီဖာ တာဝန်ရှိသူကတော့ တသီးပုဂ္ဂလ ရုပ်သံထုတ်လွှင့်သူတွေနဲ့ ကမ္ဘာ့ဖလားပွဲကို ထုတ်လွှင့်ပေးနေတဲ့ သူတွေကိုတော့ ဒါမျိုးမပြဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေသေးတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။
ခွဲခြားဆက်ဆံမှုတွေ ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ အဖြစ်မျိုး ၃ဝဝ နီးပါးလောက် ရှိတယ်လို့ ထောက်ပြထားပါတယ်။