DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် သမ္မတရှင်းလင်း
DVB
·
July 15, 2012
မြန်မာပြည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် သမ္မတရှင်းလင်း
Donate to DVB

အစိုးရအဖွဲ့ဟာ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရေးအပါအ၀င် ပြုပြင်ပြောင်းလဲမှု ၃ ခုအတွက် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

အာဆီယံ-အမေရိကန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာသူတွေကို ဇူလိုင် ၁၄ ရက်နေ့ ဂုဏ်ပြုညစာစားပွဲမှာ ပြောတဲ့ သမ္မတမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

ခေတ်သစ်စနစ်သစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်ပြောင်းလဲတာတွေကို လုပ်ဆောင်နေသလို နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရ၀န်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲရဦးမယ်လို့ သမ္မတက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အလွာစုံနဲ့ထိတွေ့ညှိနှိုင်းတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ ပွင့်လင်းတဲ့မီဒီယာဖြစ်လာအောင် ဆောင်ရွက်တာ၊ အသင်းအပင်းတွေဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးတာတွေကို သမ္မတက ရည်ညွှန်း ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာပြည်ရဲ့စစ်ပွဲတွေကို ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်လို့ သမ္မတက သုံးနှုန်းခဲ့ပြီး ၁ နှစ်အတွင်း ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နဲ့ ဆွေးနွေးရာမှာ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ကေအိုင်အိုနဲ့လည်း မကြာခင် အဆင်ပြေမယ်လို့ ယုံကြည်တဲ့အကြောင်း သမ္မတက ပြောပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီး စီမံကိန်းစီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေး စရိုက်လက္ခဏာပီပြင်စွာနဲ့ စီးပွားရေးတိုးတက်မှုရအောင် ဆောင်ရွက်ရေးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

အဲဒီမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမဟာဗျူဟာ၊ အသေးစားချေးငွေ ဥပဒေပြဋ္ဌာန်းမှာတွေကို ပြောခဲ့သလို ပြည်တွင်းငွေလဲနှုန်းကို ပြင်ပဈေးကွက်နဲ့အညီ ဖြစ်အောင် ဆောင်ရွက်ပေးတာတွေကို ရှင်းပြပါတယ်။

ဒီပြုပြင်ပြောင်းလဲမှု ၃ ခုကို တပြိုင်တည်းဆောင်ရွက်တဲ့အခါ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရတယ်လို့ သမ္မတက ရှင်းပြပြီး ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းခဲ့ရပုံကို ပြောပါတယ်။

ပြည်ပနိုင်ငံတချို့က ချထားတဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးပရိုဂရမ်တွေက အကူအညီတွေ မရနိုင်ဖြစ်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအဖို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတက စီစဉ်ထားရှိမှုတွေကို ချပြခဲ့ပြီး နှစ် ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့ရတယ်လို့ ပြောဆိုပြီး အာရှမိတ်ဆွေနိုင်ငံတွေ အသိအမှတ်ပြုရမယ့် ဒီမိုကရေစီနိုင်ငံတနိုင်ဖြစ်အောင် စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်သွားမယ်လို့ သမ္မတက ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013