DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတွင် မြောက်ပိုင်းလက်နက်အဖွဲ့များ ၀င်ရောက်ဆွေးနွေးနေ
DVB
·
July 12, 2018
၂၁ ရာစုပင်လုံညီလာခံတွင် မြောက်ပိုင်းလက်နက်အဖွဲ့များ ၀င်ရောက်ဆွေးနွေးနေ
Donate to DVB

ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွားထားတဲ့ အချက် ၁၄ ချက်အပေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေပါတယ်။

ဇူလိုင် ၁၂ ရက် နေပြည်တော် MICC2 အဆောက်အအုံမှာ ကျင်းပနေတဲ့ တတိယ အကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး ဒုတိယနေ့ အစီအစဉ်မှာ အခုလို ဝင်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက “တက်ရောက်သူတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ကဏ္ဍ အစုအဖွဲ့လိုက် အစုအဖွဲ့လိုက်ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့အတွက်ကို လမ်းဖွင့်ထားတယ်။ အခုဆိုရင် မနေ့က တင်ပြထားတဲ့ အချက် ၁၄ ချက်ကို NCA လက်မှတ်ထိုးတဲ့အဖွဲ့ကော၊ မထိုးတဲ့အဖွဲ့ကော အားလုံးထိုင်ပြီးတော့မှ ဆွေးနွေးနေပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် ၀၊ မိုင်းလား၊ ကိုးကန့်နဲ့ ကချင်အပါအ၀င် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောပါတယ်။

“သူတို့နဲ့အဆင်ပြေတဲ့အခါ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ တိုင်းရင်းသားအချင်းချင်း လိုလားချက်က တူနေတယ်။ ကျနော်အနေနဲ့ကတော့ သူတို့ကို အဓိက မေတ္တာရပ်ခံမှာကတော့ သူတို့အနေနဲ့ အန်စီအေ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီးတော့ ကျနော်တို့တတွေအားလုံး အတူတကွအလုပ်လုပ်ရင် တိုင်းရင်းသားလူမျိုးအားလုံးအတွက်လည်း အကျိုးရှိမယ်။ တနိုင်ငံလုံးအတွက်လည်း အကျိုးရှိမယ်။ ပြည်ထောင်စုတခုလုံးအတွက်လည်း အကျိုးရှိမယ်။ ငြိမ်းချမ်းရေးလည်း မြန်မြန်ရမယ်။ ဒါအတွက်ကြောင့် အားလုံးဝိုင်းပြီးတော့ လုပ်ရအောင်လို့ ကျနော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။”

အန်စီအေအပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ဟာ ဇူလိုင် ၁၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

တတိယအကြိမ်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကိုတော့  ဇူလိုင် ၁၁ ကနေ ၁၆ ရက်အထိ ၆ ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013