ရုပ်ရှင်နှင့်​ ဗွီဒီယို ထုတ်လုပ်သူများ​အသင်း​ ဖွဲ့​စည်း​ရန် ပြင်ဆင်

ရုပ်ရှင်ထုတ်လုပ်သူများ ​ဆှေး​နှေး​နွေကစဉျ

မြန်မာ့​ရုပ်ရှင်နဲ့​ဗွီဒီယို ​ဈေး​ကွက် ပြန်လည်ဦး​မော့​လာ​စေဖို့​ ထုတ်လုပ်သူ​တွေ စု​ပေါင်း​ပြီး​ ရုပ်ရှင်နဲ့​ ဗွီဒီယို ထုတ်လုပ်သူများ​အသင်း​ ဖွဲ့​စည်း​ဖို့​ ပြင်ဆင်​နေကြပါတယ်။

ဇူလိုင် ၁၁ ရက်​နေ့​က ရန်ကုန်မြို့​ City Star Hotel မှာ ရုပ်ရှင်နဲ့​ ဗွီဒီယိုထုတ်လုပ်သူ​တွေ အစည်း​အ​ဝေး​တခု ပြုလုပ်ပြီး​ ထုတ်လုပ်သူများ​အသင်း​ ဖွဲ့​စည်း​ဖို့​အတွက် ​ဆွေး​နွေး​ တိုင်ပင်ခဲ့​ကြတာပါ။

[caption id="attachment_27962" align="alignleft" width="300" caption="ရုပ်ရှင်ထုတ်လုပ်သူများ ​ဆွေး​နွေး​နေကြစဉ်"][/caption]

အဲ့​ဒီ​ဆွေး​နွေး​ပွဲကို ရုပ်ရှင်နဲ့​ ဗွီဒီယိုထုတ်လုပ်​ရေး​ ကုမ္ပဏီ ၂၂ ခုကို ဖိတ်ကြား​ခဲ့​တာဖြစ်ပြီး​ အား​လုံး​ ၁၈ ဦး​ တက်​ရောက် ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အစည်း​အ​ဝေး​ တက်​ရောက်လာတဲ့​ ထုတ်လုပ်သူ​တွေဟာ ရုပ်ရှင်နဲ့​ဗွီဒီယို​ဈေး​ကွက် ပြန်လည်ဦး​မော့​လာ​ရေး​နဲ့​ ခိုး​ကူး​ခွေပ​ပျောက်​အောင် ဘယ်လို ​ဆောင်ရွက်ကြမလဲ ဆိုတာ​တွေကို အဓိကထား​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ဦး​တင်ထွန်း​ဝင်း​ (DV 5 ဗွီဒီယို ထုတ်လုပ်ဖြန့်​ချိသူ)က ​ပြောပါတယ်။

“ဒီလုပ်ငန်း​စ​ပေါ်လာကတည်း​က ခိုး​ကူး​ခွေ​တွေ ဖမ်း​လာလိုက်တာ အများ​ကြီး​ပဲ၊​ အခုအချိန်ထိ သူခိုး​ပျောက်လား​ မ​ပျောက်ဘူး​။ ​ဈေး​ကွက်လည်း​ မ​ကောင်း​လာဘူး​။ ​အောက်က နယ်ကိုယ်စား​လှယ်​တွေဆီက အ​ကြွေး​မရဘူး​။ အ​ပေါ်က မင်း​သား​ မင်း​သမီး​တွေကလည်း​ ​ဈေး​မ​လျှော့​ဘူး​။ ကျ​နော်တို့​ ပရိုဂျူဆာ​တွေက ကြား​ညပ်​နေတယ်။ ဒီလိုမျိုး​ အသင်း​လေး​ဖွဲ့​မှ ​ကောင်း​မယ်ဆိုပြီး​ အသင်း​ဖွဲ့​ဖို့​ အဓိက ထား​တာပါ။”

ထုတ်လုပ်သူ​တွေရဲ့​ အခန်း​ကဏ္ဍကိုမြှင့်​တင်ဖို့​၊​ ပျက်ဆီး​နေတဲ့​ ​ဈေး​ကွက်ကို လိုက်လံထိန်း​ညှိဖို့​နဲ့​ နယ်​တွေအထိ ဆင်း​ပြီး​ ခိုး​ကူး​ခွေ ပ​ပျောက်​အောင် လုပ်​ဆောင်နိုင်ဖို့​အတွက် ထုတ်လုပ်သူ​တွေမှာ အသင်း​အဖွဲ့​ ရှိသင့်​တယ်လို့​ အား​လုံး​က ယုံကြည်​နေကြတယ်လို့​ ဦး​တင်ထွန်း​ဝင်း​က ​ပြောပြပါတယ်။

“အသင်း​ဖြစ်သွား​ပြီဆိုရင် ထုတ်လုပ်ဖြန့်​ချိ​ရေး​သမား​တွေ စုပြီး​ ဆင်း​သွား​မယ်။ နယ်တနယ်မှာ ၅ ရက်တန်သည် ၇ ရက်တန်သည်​နေမယ်။ နယ်တနယ်မှာ​နေပြီး​ ​ဈေး​ကွက်​ကောင်း​အောင် ဘာ​တွေလိုအပ်လဲဆိုတာကို လိုက်ပြီး​လေ့​လာမှာ​ပေါ့​။ ဒီလိုလုပ်ခြင်း​အား​ဖြင့်​ ​ဈေး​ကွက်ကပြန်မတ်လာနိုင်မယ်။ ခိုး​ကူး​သမား​တွေလည်း​ လန့်​သွား​မယ်။ ဟာ ထုတ်လုပ်​ရေး​သမား​တွေ ကိုယ်တိုင်ဆင်း​လာပါလား​။ အရင်တုန်း​ကလို သကာရည်​လောင်း​တဲ့​အချိန် မဟုတ်ဘူး​။ ​တောကြိုအုံကြား​ထိဆင်း​လာပါလား​။ ငါတို့​ ခိုး​လို့​မရ​တော့​ဘူး​. အဲလို အသိစိတ်ဓာတ်​လေး​ ဝင်လာ​အောင်။”

ဒီအဖွဲ့​ဖွဲ့​ဖို့​ ကြိုး​စား​နေတာနဲ့​ ပတ်သက်ပြီး​ သရုပ်​ဆောင်​လောကထဲမှာ​တော့​ မတူကွဲပြား​တဲ့​ သ​ဘောထား​အမြင်​တွေ ရှိ​နေကြပါတယ်။

ရုပ်ရှင်သရုပ်​ဆောင် ဦး​ထွန်း​ထွန်း​ဝင်း​က “သိ​တောင်မသိဘူး​ အစည်း​အ​ဝေး​ လုပ်တာ။ လုပ်လို့​မရဘူး​လို့​ ထင်ပါတယ်။ ဘာလို့​လဲဆို​တော့​ အား​လုံး​က ရုပ်ရှင်အစည်း​အရုံး​ရဲ့​ လက်​အောက်မှာပဲ ရှိရမယ်။”

ရုပ်ရှင်သရုပ်​ဆောင် ရဲတိုက်က “အ​ကောင်း​ဘက်ကို ဖြစ်လာမယ်ဆိုရင်​တော့​ ဘာမဆို လုပ်ကြည့်​သင့်​ပါတယ်။ ကျ​နော်တို့​မှာ အ​တွေ့​အကြုံက မရှိ​သေး​ဘူး​။ ဘယ်လိုပုံသဏ္ဌာန်က ကျ​နော်တို့​နိုင်ငံအတွက် အဆင်​ပြေဆုံး​ဖြစ်မှာလဲ၊​ ဘယ်လိုပုံစံက ထုတ်လုပ်သူ​တွေအတွက် အဆင်​ပြေမလဲ၊​ ဘယ်လိုပုံသဏ္ဌာန်က မင်း​သား​ မင်း​သမီး​နဲ့​ ပရိသတ်ကြား​မှာ အဆင်​ပြေဆုံး​ဖြစ်မလဲဆိုတာ အ​ဖြေရှာရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အသင်း​အဖွဲ့​တွေ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ဥပ​ဒေ အတည်ပြုပြီး​ ​နောက်ပိုင်း​ နယ်ပယ်အသီး​သီး​မှာ အဖွဲ့​အစည်း​တွေ၊​ သမဂ္ဂ​တွေ တရား​ဝင်ဖွဲ့​စည်း​နိုင်ဖို့​ ကြိုး​စား​လာကြတာ ​တွေ့​ရပြီး​ တရား​ဝင်အဖွဲ့​အစည်း​အဖြစ် ရပ်တည်ခွင့်​ရရှိသွား​ကြတဲ့​ အသင်း​အဖွဲ့​တွေလည်း​ ရှိပါတယ်။

ရုပ်ရှင်​လောကမှာ​တော့​ ပြီး​ခဲ့​တဲ့​ မတ်လအတွင်း​က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း​အရုံး​ အလုပ်အမှု​ဆောင် ​ကော်မတီအသစ်ကို ​ရွေး​ကောက်တင်​မြှောက် ဖွဲ့​စည်း​နိုင်ခဲ့​ကြပြီး​ အခုအခါမှာ​တော့​ ထုတ်လုပ်သူ​တွေကလည်း​ အသင်း​ ဖွဲ့​စည်း​ဖို့​ ကြိုး​စား​လာကြတာလည်း​ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up