A d v e r t i s e m e n t With Us

တောင်သူလယ်သမား​ ညီလာခံ ကျင်း​ပမည်

တောင်သူလယ်သမား​ ​ထောင်နဲ့​ချီတက်​ရောက်မယ့်​ ညီလာခံတခု ရန်ကုန်မှာ ဇူလိုင် ၁၄ ရက်​နေ့​ ကျင်း​ပဖို့​ ရှိပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က ပြုလုပ်မယ့်​ အသင်း​ ၂ နှစ်ပြည့်​ ညီလာခံမှာ ဧရာဝတီတိုင်း​နဲ့​ ပဲခူး​တိုင်း​တို့​က လယ်သမား​ ၁ ​ထောင်​ကျော် တက်​ရောက်ကြမှာဖြစ်ပြီး​ သူတို့​ကိုယ်တိုင် ကြုံ​တွေ့​နေရတာ​တွေကို ပါဝင်​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​ ဗဟိုအလုပ်အမှု​ဆောင် ​ဒေါက်တာစိုး​ထွန်း​က “ကျ​နော်တို့​အသင်း​ဝင် အများ​စုက လယ်သမား​ ၁၈၀၀၀ ရှိတယ်ဗျ။ ညီလာခံဆို​တော့​ အသင်း​ဝင်​တွေပါ ပြန်ဖိတ်ထား​တာ။ တက်လာနိုင်တဲ့​ လယ်သမား​တွေကိုပဲ ကျ​နော်တို့​က ပြင်ဆင်​ပေး​တဲ့​ သ​ဘောပါ။ သူတို့​တွေကလည်း​ အသင်း​ကို တင်ပြမယ့်​ အဆို​တွေ ရှိတာ​ပေါ့​။ သူတို့​လိုလား​တဲ့​ အချက်​တွေ ရှိတယ်​ပေါ့​။ ​မြေယာသိမ်း​တဲ့​ကိစ္စ​တွေ​ပေါ့​။ ဒါ​တွေကိုလည်း​ သူတို့​ဘက်က တင်ပြဖို့​ ရှိ​တော့​ ဒီပွဲမှာ တခါတည်း​ သူတို့​ တင်ပြချင်တာ​တွေ တင်ပြလို့​ရ​အောင်​လေ” လို့​ ​ပြောပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​မှာ အသင်း​ဝင်အင်အား​ ၃ ​သောင်း​လောက် ရှိပါတယ်။ စ​နေ​နေ့​ ကျင်း​ပဖို့​ရှိတဲ့​ ညီလာခံကို အစိုး​ရတာဝန်ရှိသူ​တွေ၊​ ဆန်စပါး​ ပညာရှင်​တွေ၊​ အဖွဲ့​အစည်း​တွေ၊​ အန်ဂျီအို​တွေ၊​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေ စုံလင်​အောင်ဖိတ်ထား​တယ်လို့​လည်း​ စုံစမ်း​သိရှိရပါတယ်။ ညီလာခံကို ၂ ရက်ကြာကျင်း​ပမှာဖြစ်ပြီး​ ညီလာခံပြီး​ဆုံး​မယ့်​ ဇူလိုင် ၁၅ ရက်​နေ့​မှာ အပတ်စဉ်ထုတ် ဂျာနယ်​တွေထဲက ဆန်စပါး​လုပ်ငန်း​နဲ့​ ပတ်သက်ပြီး​ ​ရေး​သား​ဖော်ပြခဲ့​ကြတဲ့​ သတင်း​နဲ့​ သတင်း​ဆောင်း​ပါး​တွေထဲက အ​ကောင်း​ဆုံး​ သတင်း​နဲ့​ သတင်း​ဆောင်း​ပါး​တွေ ​ရွေး​ချယ်ပြီး​ ဆု ၆ ဆု ချီး​မြှင့်​ပေး​အပ်ဖို့​လည်း​ ရှိပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​ကို ၂၀၁၀ ခုနှစ်က စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပြီး​ အခုကျင်း​ပမယ့်​ ညီလာခံဟာ ပထမအကြိမ်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up