A d v e r t i s e m e n t With Us

နေရပ်စွန့်​ခွာ ထွက်​ပြေး​နေရသည့်​ ဒုက္ခသည်များ​ကို ကုလသမဂ္ဂ ကူညီမည်

ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ မစ္စတာ အန်တိုနီယို ဂါး​တား​ရစ်က ပြည်နယ် ၇ ခုမှာ ရှိတဲ့​ ​နေရပ်စွန့်​ခွာထွက်​ပြေး​နေရသူ​တွေ ​နေရပ်ပြန်နိုင်ဖို့​အ​ရေး​မှာ ပူး​ပေါင်း​ကူညီ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။ မြန်မာနိုင်ငံကို​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ဟာ ကချင်ပြည်နယ်က ဒုက္ခသည်​တွေ အ​ခြေအ​နေ​တွေကို သွား​ကြည့်​ပြီး​ မ​နေ့​က ရန်ကုန်မြို့​ ဆီဒိုး​နား​ ဟိုတယ်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အခုလို ​ပြောကြား​ခဲ့​တာပါ။ “UNHCR ဟာ မြန်မာနိုင်ငံထဲမှာ ပိုပြီး​ ထဲထဲဝင်ဝင်ရှိဖို့​ လုပ်​နေပါတယ်။ အခုလက်ရှိ ပြည်နယ် ၇ ခုမှာ ​ရောက်ရှိ​နေပြီး​ လက်နက်ကိုင်အဖွဲ့​ ၁၀ ဖွဲ့​နဲ့​ ရရှိထား​တဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ က​နေ တိုး​တက်ဖြစ်​ပေါ်လာတဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်မှု​တွေ၊​ ​နောက် နံပါတ် ၁၁ ဖြစ်တဲ့​ ကချင်ပြည်နယ်ထဲက ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေမှာ ဝိုင်း​ဝန်း​ကူညီပံပို့​ပေး​နေပါတယ်။” သူရဲ့​ မြန်မာနိုင်ငံခရီး​စဉ်အတွင်း​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပြီး​ ရခိုင်ပြည်နယ်က အ​ရေး​ကိစ္စ​တွေကိုလည်း​ ​ပြောဆိုခဲ့​ပါတယ်။ သမ္မတ ဦး​သိန်း​စိန်က တိုင်း​ရင်း​သား​မဟုတ်ဘဲ ခိုး​ဝင်လာတဲ့​ ရိုဟင်ဂျာ​တွေကို လက်ခံဖို့​ ဘယ်လိုမှမဖြစ်နိုင်ဘူး​လို့​ ​ပြောဆိုလိုက်ပြီး​ မိမိတိုင်း​ရင်း​သား​များ​ကို တာဝန်ယူမှာဖြစ်တယ်လို့​ သမ္မတက ကတိပြုလိုက်ပါတယ်။ အဲဒီရိုဟင်ဂျာ​တွေကို UNHCR ကို လွှဲ​ပြောင်း​ပေး​ပြီး​ UNHCR က ​ကျွေး​မွေး​စောင့်​ရှောက်​ပေး​ဖို့​ဖြစ်​ကြောင်း​နဲ့​ တတိယနိုင်ငံက လက်ခံမယ်ဆိုရင် ပို့​ပေး​မယ်လို့​ ​ပြောဆိုပါတယ်။ သမ္မတရဲ့​ ​ပြောဆိုချက်နဲ့​ပတ်သက်ပြီး​ သူရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မစ္စတာ အန်တိုနီယို ဂါး​တား​ရစ်က UNHCR ရဲ့​ ပြန်လည်​နေရာချထား​ရေး​ အစီအစဉ်​တွေထဲမှာ အလွန်ထူး​ခြား​တဲ့​အ​ခြေအ​နေ​တွေ​ကြောင့်​ တတိုင်း​ပြည်က​နေ တခြား​ တိုင်း​ပြည်ကို ထွက်​ပြေး​လာကြတဲ့​ ဒုက္ခသည်​တွေအတွက်ဖြစ်​ကြောင်း​၊​ မြန်မာပြည် ရိုဟင်ဂျာ ပြဿနာနဲ့​ မသက်ဆိုင်​ကြောင်း​၊​ သူတို့​အဖွဲ့​အ​နေက​တော့​ မခွဲခြား​ဘဲ လူသား​ချင်း​စာနာတဲ့​ အကူအညီ​တွေ ပံ့​ပိုး​ဆောင်ရွက်သွား​ဖို့​ ဖြစ်​ကြောင်း​၊​ ပြန်လည်​နေရာချထား​ရေး​ အစီအစဉ်ဆိုတာက တကယ့်​ဒုက္ခသည်​တွေအတွက်သာ ဖြစ်တယ်လို့​ပြောဆိုသွား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up