Home
မြန်မာသတင်း
ထင်ရှားသည့် မြန်မာ့သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်း ကွယ်လွန်
DVB
·
July 11, 2018
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ထင်ရှားတဲ့ပညာရှင်တဦးဖြစ်တဲ့ ကမ္ဘာမြေချစ်သူအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း ဦးအုန်း (အသက် ၉၁နှစ်) ဟာ ဇူလိုင် ၁၁ရက် မနက်က  ရန်ကုန်မြို့၊ ကျိုက်​ဝိုင်းဘုရားလမ်း ​နေအိမ်​မှာ ကွယ်လွန်သွားပါတယ်။ ဦးအုန်းဟာ အင်္ဂလန်နိုင်ငံ ဝေးလ်တက္ကသိုလ်ကနေ သစ်တောပညာရပ်နဲ့ သိပ္ပံဘွဲ့ရရှိခဲ့သူဖြစ်ပြီး သစ်တောဝန်ထောက်၊ သစ်တောဌာန ညွန်ကြားရေးမှူး၊  ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာန တွဲဖက်ပါမောက္ခ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ ပါတယ်။ ပုပ္ပါးတောင်ဒေသကို စိမ်းလန်းစိုပြည်လာအောင်  ကြိုးပမ်းဆောင်ရွက်ခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ  ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ ကမ္ဘာမြေချစ်သူဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့  ဧရာဝတီတိုင်းအတွင်း ဒီရေတောတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ဦးအုန်းဟာ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးနှင့် ထိမ်းသိမ်းရေးအသင်း  (FREDA)ရဲ့ နာယကအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး သစ်တောတွေထိမ်းသိန်းရေးနဲ့ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးတွေကို ဘ၀တစ်လျှောက် အစဉ်တစိုက် ဆောင်ရွက်ခဲ့ သူလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024