ပိုပေါ့ပ်ခေတ်က ပျောက်ဆုံးသွားတဲ့ အနုပညာတွေ ပြန်လည်တွေ့ရှိ

3.9K
ပဋိပက္ခတွေနဲ့ မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာတော့ အနုပညာလက်ရာတွေက ပထမဆုံး ဓားစာခံ ဖြစ်လာနိုင်ပါတယ်။ ပိုပေါ့ပ်နဲ့ ရက်စက်တဲ့ သူရဲ့ ကွန်မြူနစ်အုပ်ချုပ်ရေးအောက်မှာ ကမ္ဘောဒီးယား ခမာ ယဉ်ကျေးမှုကတော့ ဒဏ်ရာ အနာတရတွေ ရရှိခဲ့ပါတယ်။ အခု စီးပွားရေး တိုးတက်အောင် လုပ်ဆောင်လာနိုင်တာနဲ့ အတူ ကမ္ဘောဒီးယားတွေကလည်း သူတို့ရဲ့ ရိုးရာ အနုပညာ အရည်အသွေး အရင်းအမြစ်တွေကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီလုပ်ငန်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ် ဆိုတာကို ရေဒီယို သတင်းထောက် နစ်ဟီဒတ် (Nidhi Dutt) က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။