ထိန်း​သိမ်း​ခံ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီဝင် ၂ ဦး​ လွတ်​မြောက်

ရခိုင်ပြည်နယ် ​မြောက်ဦး​မြို့​နယ်မှာ စစ်တပ်နဲ့​ရဲတပ်ဖွဲ့​ရဲ့​ ​ခေါ်ယူ ထိန်း​သိမ်း​ခြင်း​ခံထား​ရတဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီဝင် ၂ ဦး​ကို ညတွင်း​ချင်း​ ပြန်လွှတ်​ပေး​လိုက်တယ်လို့​ ​မြောက်ဦး​ရဲစခန်း​က ​ပြောပါတယ်။ ​မြောက်ဦး​မြို့​နယ်က ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီ ဒု ဥက္ကဋ္ဌ ဦး​အေး​မောင်သန်း​နဲ့​ ပါတီ​ကော်မတီဝင် ဦး​ဘတင်တို့​ကို ​နောက်​နောင် ဆူပူမှုဖြစ်​အောင် လှုံ့​ဆော်စည်း​ရုံး​တာ​တွေမလုပ်ဖို့​ နယ်​မြေအ​ခြေစိုက် ဗျူဟာမှူး​က သတိ​ပေး​ပြောကြား​ပြီး​ ရပ်မိရပ်ဖ ခံဝန်ချက်လက်မှတ်နဲ့​ မ​နေ့​ည ၈ နာရီ​ကျော်မှာ ပြန်လွှတ်ခဲ့​တယ်လို့​ ​မြောက်ဦး​ရဲစခန်း​က ရဲအရာရှိတဦး​က ​ပြောပါတယ်။ “သူတို့​ မ​နေ့​ကတည်း​က ပြန်သွား​ပါပြီ။ သူတို့​ကို ကျ​နော်တို့​က ဖမ်း​ထား​တာမှ မဟုတ်တာ ​ခေါ်ယူစစ်​ဆေး​ ​မေး​မြန်း​တာ​လောက်ပဲ ရှိတယ်။ သူတို့​ ​နောက်​နောင် ဒါမျိုး​တွေ မလုပ်ဖို့​ပေါ့​။” ဦး​အေး​မောင်သန်း​နဲ့​ ဦး​ဘတင်တို့​ဟာ ​မြောက်ဦး​မြို့​မှာရှိတဲ့​ ရခိုင်တိုင်း​ရင်း​သား​ပိုင် ဆန်စက်​တွေကို သွား​ရောက်ပြီး​ ရခိုင်လူမျိုး​တွေကိုသာ ဆန်​ရောင်ချ​ပေး​ဖို့​ သွား​ရောက်​မေတ္တာရပ်ခံခဲ့​တာ​ကြောင့်​ မ​နေ့​ည​နေက ရဲနဲ့​ စစ်တပ်ဖွဲ့​ဝင်​တွေက လာ​ရောက် ဖမ်း​ဆီး​ခေါ်​ဆောင်သွား​တာပါ။ အဲဒီ​နောက် မကြာခင်မှာပဲ ​ထောင်နဲ့​ချီတဲ့​ ​မြောက်ဦး​မြို့​ခံ​တွေက ​မြောက်ဦး​ ရဲစခန်း​အနီး​ မြို့​နယ်အုပ်ချုပ်​ရေး​ရုံး​ ပတ်ဝန်း​ကျင်မှာ စု​ဝေး​ရောက်ရှိလာကြတယ်။ မြို့​မိမြို့​ဖ ၂ ဦး​၊​ သံဃာ​တော် ၂ ဦး​နဲ့​ လွှတ်​တော်ကိုယ်စား​လှယ် ၂ ဦး​တို့​က အာမခံနဲ့​ ခံဝန်ချက် လက်မှတ်ထိုး​ပြီး​ ပြန်လွှတ်​ပေး​လိုက်တာလို့​ ပြန်လွတ်လာတဲ့​ ဦး​အေး​မောင်သန်း​က ​ပြောပါတယ်။ “ကျ​နော်တို့​ကို ဗိုလ်ကြီး​ ၃၊​ ၄ ​ယောက်​လောက် ပါတယ်။ လက်ထိတ်ခတ်ပြီး​ ​ခေါ်သွား​တယ်။ ကျ​နော်တို့​က လက်ထိတ်မခတ်နဲ့​ပြောတာလည်း​ လက်ထိတ်ခတ်ပြီး​ ​ခေါ်သွား​ပါတယ်။ အချုပ်မှာ​တော့​ မထည့်​ဘူး​။ အပြင်မှာထား​ပြီး​တော့​ ကျ​နော်တို့​ကို တရား​ဟော နား​ချပါတယ်။ ပြည်သူလူထု​တွေ ​အေး​အေး​ချမ်း​ချမ်း​နေဖို့​အတွက် လုံခြုံ​ရေး​ တာဝန်ယူထား​တယ်တဲ့​။ ကျ​နော်တို့​ကလည်း​ ကိုယ့်​လူမျိုး​အတွက် ကိုယ်တတ်နိုင်သ​လောက် လုပ်တာပါလို့​ စစ်တပ်စပါးရှိမှန်းလဲမသိဘူး။ စစ်တပ်စပါးရှိရင်တော့ ကျနော်တို့မလုပ်ပါဘူး​။” ရခိုင်ပြည်နယ်ထဲမှာ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​ပိုင်း​ကစတင်တဲ့​ ပဋိပက္ခ​တွေအတွင်း​ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ ပါတီဝင်​တွေ ​ခေါ်ယူ​မေး​မြန်း​တာ၊​ ထိန်း​သိမ်း​ ဖမ်း​ဆီး​ခံရတာ​တွေ ၃ ကြိမ်ရှိသွား​ပြီလို့​ ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဦး​ဦး​လှ​စောက ​ပြောပါတယ်။ ဇွန် ၃ ရက်​နေ့​ စစ်​တွေ ရဲစခန်း​ရှေ့​ဆန္ဒပြမှုမှာ ပါတီဝင် ၄ ဦး​၊​ ​ကျောက်​တော် လူသတ်မှုမှာ ၁၂ ဦး​ ဖမ်း​ဆီး​ခံထား​ရပြီး​ ပါတီဝင်​တွေ လွတ်​မြောက်​ရေး​အတွက် ​ရှေ့​နေ​တွေနဲ့​ တရား​ရင်ဆိုင်ဖို့​ ကြိုး​စား​ပေး​နေ​ကြောင်း​လည်း​ ဦး​ဦး​လှ​စောက ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up