DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် ‘ဘော်ဘော်ကထှော်’ဟာသရုပ်ရှင် (နမူနာ)
DVB
·
July 9, 2018
ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် ‘ဘော်ဘော်ကထှော်’ဟာသရုပ်ရှင် (နမူနာ)
Donate to DVB

အကယ်ဒမီ သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ ဟာသသရုပ်ဆောင်တွေ ပါဝင်ထားသရုပ်ဆောင်ထားကြတဲ့ ‘ဘော်ဘော်ကထှော်’ အမည်ရတဲ့ မြန်မာ ဟာသရုပ်ရှင်ကားကို လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဇော်မင်း(မ/ဒဂုံ)ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုပေါက်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

‘ဘော်ဘော်ကထှော်’ ဆိုတာ အပြင်မှာတော့ တကယ်မရှိဘဲ စာရေးသူက ဖန်တီး ပုံဖော်ထားတဲ့ အရိုင်းလူမျိုးစုတစု ဖြစ်ပါတယ်။

ဟာသဇာတ်ကားတကားအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြင့်မြတ်နဲ့အတူ ဟာသသရုပ်ဆောင် ခင်လှိုင်၊ ဂျိုကာတို့က ဘော်ဘော်ကု၊ ဘော်ဘော်ပီ၊ ဘော်ဘော်ကော် ဆိုတဲ့ နာမည်တွေနဲ့ ထူးထူးဆန်းဆန်း တယောက်နဲ့ တယောက် ပါးရိုက်ပြီး စကားကို အကျယ်ကြီး ပြောတာမျိုးတွေ၊ အဝတ်အစားတွေမပါဘဲ တကယ့် ကျွန်းသားလူရိုင်းတွေလိုမျိုး သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်းပေါ်မှာ နေထိုင်ကြတယ်။ မြို့ပေါ် တက်လာချိန်မှာ ကမောက်ကမ အလွဲလွဲ အချော်ချော် ဖြစ်ရတာတွေကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားခဲ့တာပါ။

တခြားသရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ကားတွေမှာ မပါဝင်တော့တာ ကြာပြီ ဖြစ်တဲ့ သရုပ်ဆောင်မင်းသား ရာဇာနေဝင်း၊ မင်းသမီး ဆုအိမ့်စံ၊ ရွှေသမီး၊ မုဏ်းတို့နဲ့အတူ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲက ပြောစကား ဒိုင်ယာလော့ဂ်တွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး ရုပ်ရှင်နမူနာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013