ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီဝင် ၂ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
July 12, 2012
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအဖွဲ့ဝင် ၂ ဦးကို နယ်မြေခံစစ်တပ်နဲ့ ရဲတွေက ဒီနေ့ညနေပိုင်းမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဖမ်းခံရသူ ၂ ဦးဟာ ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ ဖြစ်ကြပြီး ဒီနေ့ညနေ ၄ နာရီကျော်လောက်က နေအိမ်မှာ လာရောက်ပြီး လက်ထိတ်ခတ် ဖမ်းဆီးသွားတာဖြစ်ပြီး အကြောင်းအရင်းကို မသိရကြောင်း ဦးအေးမောင်သန်းရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
အဖမ်းခံရသူ ၂ ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံနဲ့ ရခိုင်သံဃာတော်တွေ မြောက်ဦးရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုနေကြပါတယ်။