Live
Home
မြန်မာသတင်း
ဟီလာရီကလင်တန်နှင့် သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားတွင် တွေ့မည်
ပီတာအောင်
·
July 12, 2012
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ မနက်ဖြန် တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အရာရှိတဦးက ဖနွမ်းပင်မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ [caption id="attachment_18437" align="alignright" width="300" caption="ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဦးသိန်းစိန်နဲ့ ဟီလာရီကလင်တန်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်"][/caption] ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် ဆီရမ်ရိမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်ကို မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့အတူ တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၀န်ကြီး ကလင်တန်အနေနဲ့ မြန်မာသမ္မတကို အာဆီယံရင်းနှီးမြှုပ်နှံမှုဖိုရမ် ဆွေးနွေးပွဲပြင် ပမှာ သီးခြားတွေ့ဆုံဖို့ ရှိပြီး နှစ်ဖက်တွေ့ဆုံမှုအတွင်းမှာ အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်မှုတွေ လျှော့ချလိုက်တဲ့ကိစ္စ ပါဝင်မယ့် အကြောင်းနဲ့ အမေရိကန် ကုမ္ပဏီ တွေကို မြန်မာသမ္မတနဲ့ မိတ်ဆက်ပေးမှာ ဖြစ်တယ်လို့လည်း အေဂျင်စီ သတင်း တွေမှာ ဖော်ပြပါတယ်။ မြန်မာအစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်ရဲ့ ကမ္ဘောဒီးယားခရီးစဉ်နဲ့ ပတ် သက်ပြီး သတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမေရိကန် အစိုးရက မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီး နောက်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။ ဇူလိုင် ၁၁ ရက်နေ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့  ကန့်သတ်ထားတာကို ဖြေ လျော့ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင် ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ ခရီးတလျှောက် သိသာထင် ရှားတဲ့ တိုးတက်မှုတွေ ဆက်လုပ်နေပြီး အစိုးရက အရေးပါတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေတယ်။ ပိတ်ဆို့မှုလျှော့ပေးတာဟာ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးကြောင်း ထင်ထင်ရှားရှား ပြသလိုက် တာ ဖြစ်တယ်လို့ ကြေညာချက်မှာ အသိအမှတ်ပြု ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ပေးမှုကို ကြိုဆိုလိုက်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်လို့ အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။ အမေရိကန်အစိုးရက အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်တဲ့ အတွက် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း ရောင်း ၀ယ်မှုတွေကလွဲပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ အပါအ၀င် တခြား စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်တော့မှာပါ။ ဒါပေမယ့် ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့ ထိပ်တန်း စီးပွားရေးသမားတွေအပေါ် ဒဏ်ခတ်ထားမှုတွေကိုတော့ ဆက် လက်ထားရှိဦးမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားကတော့ ရိုင်းစိုင်းကြမ်းတမ်းတဲ့၊ အကျင့်ပျက်ခြစားတဲ့ မတည်မငြိမ်ဖြစ်အောင် ဆက်လက် ပြုမူလုပ်ဆောင်နေသူတွေဟာ ပြုပြင်ပြောင်း လဲမှုကြောင့် အမေရိကန်က ပေးတဲ့ ဆုလာဘ်တွေရဲ့ အကျိုးကို ခံစားရမှာ မဟုတ် ဘူးဆိုတာ မြန်မာအစိုးရနဲ့ စစ်ဘက်အရာရှိတွေကို ရှင်းရှင်း ပြောချင်တယ်လို့ ကြေညာချက်မှာ ပြောပါတယ်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်ခင်မြင့်ကတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်တဲ့အပေါ် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အမေရိကန် နည်းပညာတွေ ၀င်လာမှာဖြစ်တဲ့အတွက် ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။ “တော်တော်လေးကို ၀မ်းသာသွားတယ်။ ဒါကို တွေ့လိုက်တော့။ အရေးကြီးဆုံးက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို စဖွင့်ပေးတာ တွေ့တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုတာ အမေရိကန်မှာပဲ နည်းပညာအပြည့်ရှိတယ်လို့ ယူဆတယ်။ ကျနော်တို့နိုင်ငံမှာလည်း မြေကြီးထဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ တကယ်ရှိနေတယ်ဆိုတာလည်း ယုံကြည်တယ်။ ဒါပေမယ့် အခုလုပ်နေတဲ့ နည်းပညာပိုင်းမှာ လိုတာတော့ လိုနေသေးတယ်။ ဘယ်လို လိုသေးလဲ မေးရင်တော့ ကျနော်က အဲ့ဘက်ပိုင်း နည်းပညာရှင် မဟုတ်တော့ မသိဘူး။ ဒါပေမယ့် အမေရိ ကန်က ပညာရှင်တွေနဲ့ တကယ်တူးပြီး တကယ်လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံ အတွက် တကယ့်ကို အကျိုးအများကြီးရမယ်လို့ မြင်တယ်။” ဒါ့ပြင် အမေရိကန် အစိုးရက အရင်တားမြစ်ထားတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေးဖို့ ရှိတဲ့အတွက် မြန်မာ ကုမ္ပဏီတွေ အနေနဲ့လည်း နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေပေးငွေယူကိစ္စတွေမှာ ပိုမိုလွယ် ကူစွာ ဆောင်ရွက်လာနိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ဦးအောင်ခင်မြင့်က ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024