ဖမ်းဆီးခံထိုင်းနိုင်ငံသားကိစ္စ ထိုင်းဒုဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်တွင် ဆွေးနွေးမည်

တရားမ၀င်ေနထိုင်သည့် ထိုင်းနိုင်ငံသားများ၏အိမ်နှင့် စိုက်ခင်းများ

မြန်မာနိုင်ငံတောင်ပိုင်းမှာ တရားမ၀င်ဝင်ရောက်ပြီး စီးပွားဖြစ် ရာဘာစိုက်နေကြတဲ့ ထိုင်းလူမျိုးတွေ ဒီလဆန်းပိုင်းက အဖမ်းခံထားရတဲ့ ကိစ္စကို ထိုင်း ဒုဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဆွေးနွေးမယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

[caption id="attachment_27900" align="alignright" width="300" caption="တရားမ၀င်နေထိုင်သည့် ထိုင်းနိုင်ငံသားများ၏အိမ်နှင့် စိုက်ခင်းများ"][/caption]

မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေး ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်ရင်းနဲ့ မြန်မာဘက်က ဖမ်းဆီးထားတဲ့ ထိုင်းလူမျိုးတွေကိစ္စကို အလွတ်သဘောဆွေးနွေးမယ်လို့ ထိုင်းလုံခြုံရေး ဥက္ကဋ္ဌ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ယုသ်ဆတ် ဆပ်ဆီပရဖားက အစိုးရအိမ်တော်မှာ ပြောခဲ့တယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြသွားပါတယ်။

နှစ်နိုင်ငံကြား မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်ခင် မြန်မာအကြီးအကဲတဦးနဲ့ ကြိုတင်ဆွေးနွေးရရင် ပိုကောင်းမယ်လို့ ဒု-၀န်ကြီးက ပြောပါတယ်။

မကြာသေးခင်က ထိုင်းကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံက ပြန်လာပြီးတဲ့ နောက်ပိုင်း ကော့သောင်းမှာ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတွေကိစ္စ ပူးပေါင်း ဆောင်ရွက်ရတာ ပိုပြီး အဆင်ပြေလာကြောင်း၊ ဇူလိုင် ၂၂ ရက်နေ့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မယ့် မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မတိုင်မီ ဖမ်းဆီးခံရတဲ့သူတွေထဲက လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ မပတ်သက်တဲ့သူတွေ ပြန်လွတ်မြောက်လာဖို့ ယုံကြည်ကြောင်း ထိုင်း ဒုဝန်ကြီးက ပြောပါတယ်။

လက်နက်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်သူတွေ သိရဖို့ လောလောဆယ် မြန်မာဘက်က စစ်ဆေးနေပြီး လူဦးရေအတိအကျကိုတော့ ထိုင်းဘက်ကို အကြောင်းကြားလာတာ မရှိသေးကြောင်း ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာပိုင်နက် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ထဲမှာ စီးပွားဖြစ် ရာဘာခြံ စိုက်ဧက ၁၅၀၀ လုပ်ကိုင်နေကြတဲ့ ထိုင်းလူမျိုး ၆၁ ဦးကို လက်နက်ခဲယမ်းတချို့နဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းက ဒီလဆန်းပိုင်းက ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up